Twitter
RSS
Showing posts with label computer knowledge. Show all posts
Showing posts with label computer knowledge. Show all posts

Myanmar 2 font

0
ကွန်ပျူတာစနစ်တစ်ခုလုံးကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်သော ကွန်ပျူတာသုံး မြန်မာစာပြု စနစ်တစ်ခုဖြစ်သည့် MyMyanmar Unicode System 2009 ကို အစိုးရရုံးအဖွဲ့အစည်းများ ၊ အစိုးရရုံးအဖွဲ့အစည်းများနှင့် ဆက်စပ်နေသော အသင်းအဖွဲ့များ၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ကွန်ပျူတာကို ယခုမှ စတင်လေ့လာလိုသူများအနေဖြင့် စတင်ဝယ်ယူ အသုံးပြု နိုင်ပြီဖြစ်သည်။ အစိုးရရုံးအဖွဲ့အစည်းများတွင် e-government လုပ်ငန်းစဉ်များ အဆင်ပြေ ချော်မွေ့စေရေးအတွက် ယူနီကုတ်စံ သတ်မှတ်ချက်စနစ် ၅ ဒသမ ၁ကို လိုက်နာသည့် Myanmar 2 ဖောင့်ကို အသုံးပြုရန် သတ်မှတ်ထားရာ My Myanmar Unicode သည်အဆိုပါ Myanmar 2 ဖောင့်အတွက် တိုက်ရိုက်အသုံးပြုနိုင်သော ကွန်ပျူတာစနစ်တစ်ခုဖြစ်သည်။
ကွန်ပျူတာတွင် မြန်မာစာကို အသုံးပြုသူများအနေဖြင့် အခက်အခဲတွေ့သည်မှာ မြန်မာဖောင့် ပြောင်းသည့်အခါ လက်ကွက်ပြောင်းရိုက်ရသည့် ပြဿနာဖြစ်သည်။ MyMyanmar Unicode System 2009 တွင် မည်သည့် ဖောင့်ပုံစံကို သုံးသည်ဖြစ်စေ လက်ကွက်ပြောင်း ရိုက်ရန်မလိုဘဲ မိမိရိုက်နေကျ လက်ကွက်အတိုင်း စာရိုက်နိုင်ရန် စီမံပေးထားသည်။
ထို့ပြင် မြန်မာလက်ကွက် မသိသူများအတွက် Onscreen keyboard ဖြင့် မောက်စ်ကို အသုးံပြု၍ ရိုက်နှိပ်နိုင်ရန်ကိုပါ စီမံပေးထားသည်။ ၂၀၀၉ခုနှစ်အတွင်း လက်ရေးဖြင့် မှတ်သားနိုင်သော ယူနီကုတ်စနစ်ပါ ထပ်မံထွက်ပေါ်လာမည်ဖြစ်ရာ မြန်မာဘာသာစကားကို တက်ကျွမ်းယုံမျှဖြင့်ပင် ကွန်ပျူတာကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။
ထို့ပြင် Myanmar 2 နှင့်အလားတူ ယူနီကုတ်စံသတ်မှတ်ချက် ၅ ဒသမ ၁ကို လိုက်နာသော မြန်မာဖောင့်များကိုလည်း ထည့်သွင်းပေးထားရာ ရုံးအဖွဲ့အစည်းများ အနေဖြင့် Myanmar 2ဖောင့်တစ်ခုတည်းကိုသာ သုံးနေကြရရာမှ ဖောင့်ပုံစံအမျိုးမျိုး အသုံးပြုရန် လိုအပ်သောနေရာ များအတွက် အဆင်ပြေစေနိုင်မည်ဖြစ်သည်။ MyMyanmar Unicode System 2009 တွင် ဇော်ဂျီယူနီကုတ်စနစ်ကို ထည့်သွင်းပေးထားသည်။ ထို့ကြောင့် ဇော်ဂျီဖောင့်ကို ယူနီကုတ်စနစ်အတိုင်းအပြည့်အ၀ သုံးနိုင်ပြီဖြစ်ရာ ကွန်ပျူတာကို နယ်ပယ်နေရာ အသီးသီးတွင် အသုံးချနေသူများအတွက် ယူနီကုတ်စနစ်ကို အပြည့်အ၀အ သုံးချနိုင်တော့မည် ဖြစ်သည်။ ယခင်ကလို ဆော့ဖ်ဝဲတစ်မျိုးတွင် ဖောင့်တစ်မျိုး သုံးနေရသည့် ပြဿနာများလည်း ကင်းရှင်းသွားမည်ဖြစ်ပြီး မည်သည့်ဆော့ဖ်ဝဲတွင် အသုံးပြုသည်ဖြစ်စေ အဆင်ပြေစွာ အသုံးချနိုင်တော့မည် ဖြစ်သည်။
MyMyanmar Unicode System 2009 နှင့်အတူ ယူနီကုတ်ဖောင့်များဖြစ်သော MyMyanmar font, CE Classic font, M-Myanmar font, Zaw Gyi font များ စုစုပေါင်း ဖောင့် ၁၁ မျိုးကို ထည့်သွင်း ပေးထားသည်။

ထို့ပြင် ကွန်ပျူတာ ပုံနှိပ်ထုတ်ဝေရေးလောကနှင့် ဂရပ်ဖစ်ဒီဇိုင်းလောကတွင် အသုံးပြုနေကြသော ဖောင့်ပုံစံ ၁၀၀ ကျော် ကိုလည်း ယူနီကုတ်ဖောင့်များအဖြစ် ပြောင်းလဲပေးထားပြီး မကြာမီ ဆက်လက်ထုတ်ဝေသွားရန် စီစဉ်လျှက်ရှိသည်။
အလားတူပင် MyMyanmar Unicode System 2009 တွင် ကွန်ပျူတာကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန်အတွက် ကွန်ပျူတာအများစုတွင် အသုံးပြုနေကြသော Windows XP ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်စေရန် တီထွင်ထည့်သွင်း ပေးထားကြောင်း သိရသည်။

တဂ်ပို့စ် ရှင်းတမ်း

0
စာမေးပွဲကတော့ မဖြေရသေးဘူး...ဒါပေမယ့် သိတဲ့အတိုင်းပဲ စိတ်က မနေနိုင်ပါဘူး....လောလောဆယ်တော့စီ
ဘောက်စ်မှာ တောင်းဆိုတာတွေ အရင်သိသလောက်လေး ရှင်းပြလိုက်အုန်းမယ်ဗျာ....

video editing အကြောင်း မေးထားတဲ့ မကြည်ပြာ ခင်ဗျာ...ကျွန်တော့်အနေ နဲ့က ကျောင်းသားတစ်ယောက်
ဖြစ်နေတဲ့အတွက် ဒီဆိုက်မှာ editing နဲ့ပတ်သက် တဲ့ လက်ချာတော့ တင်ဖြစ်မယ်မထင်ဘူးခင်ဗျ...အချိန်ရရင်ရသလိုပဲ ပို့စ်တင်နေရတာဆိုတော့ ပျက်ကွက်ပြီး မလုပ်ပေးနိုင်ရင် မကောင်းဘူးလေ....မကြည်ပြာ လိုချင်တဲ့ဆော့ဝဲ က ရှိတယ်ဗျ....တင်ပေးသေးတယ် အရမ်းများနေတော့ အ
ဆင်မပြေဘူးဖြစ်နေတယ်....အရမ်းအရေးကြီးရင် လိပ်စာပေးခဲ့ပါလား..ကျွန်တော် ဖြစ်တဲ့နည်းနဲ့ရ အောင်ပို့ပေး
ပါ့မယ်....

အေးမြ ဆိုတဲ့သူငယ်ချင်းရေ သူငယ်ချင်းမေးတာကို တော့ ကျွန်တော်ကိုယ်တိုင် သေချာမသိသေးတဲ့ အတွက်
အရိုးသားဆုံး ၀န်ခံရရင် လိုက်ပြီးမေးမြန်းနေတုန်းရှိပါသေးတယ် ခင်ဗျာ...တကယ်လို့ သိခဲ့ရင် ပို့စ် တစ်ခုအနေ
နဲ့ တင်ပေးပါ့မယ်ခင်ဗျာ...

avirl နှင့် december ဆိုတဲ့ သူငယ်ချင်းတို့ လာမေးထား တဲ့ပြသနာကတော့ စက်တွေ ရီစတက် ခဏခဏ ကျခြင်း ..၀င်းဒိုး ခဏခဏကျခြင်း .....ခဏခဏ စက်ဟန်းခြင်း များဖြစ်ကြပါတယ်..အဲတာကတော့
စက်ရဲ့ processor...powersupply.. များရဲ့ ပန်ကာ (ဖန် ) များ အပူတွေ တအားတက်နေခြင်း
ဖုန်မှုန့်များ တအားများနေခြင်း...ဖုန်မှုန့်များ သည် အပူ ဓါတ်ကို ထုတ်ပေးပါသည်....ထို့ကြောင့် CPU ကိုသန့်
ရှင်းရေးလုပ်ပေး ဖို့လိုအပ်ပါတယ်...screen တက်လာရင် အဖြူကြီး ဖြစ်နေတာကတော့ BIOS သို့မဟုတ်
motherboard မှာ တစ်ခုခု ဖြစ်နေပါပြီ..အဲတာကတော့ ကိုယ်တိုင်မမြင်ရတော့ အသေအချာမပြောတတ်ပါဘူး
အကြံပြုချင်တာ တစ်ခုကတော့ စက်ကို သန့်ရှင်းရေး လုပ်ရင် hardisk နှင့် processor ကို ဘားမှ မဖြုတ်ပဲ
သန့်ရှင်းရေးလုပ်ပြီး....ကျန်တဲ့အပိုင်းတွေတော့ ဖြုတ်နိုင်ပါတယ်....လိုအပ်ရင် ထပ်မေးနိုင်ပါတယ်

ကျွန်တော် ပြောတာတွေ မပြည့်စုံသေးပါဘူး...ကျွန်တော့်ထက်ပိုသိတဲ့ လူတွေကိုလည်း ထပ်မေးမြန်းကြည့်ပါ
သိရင်လည်း လာပြန်ပြောကြပါအုန်း....

Windows Vista မှာ Partition ကိုအချက်အလက် မပျက်ဘဲပြုပြင်နိုင်ဖို့

0

ကွန်ပျူတာရဲ့ hard disk partition တွေကိုပိုင်းရမည့် သို့မဟုတ် ပိုင်းပြီးသားကိုအရွယ်အစားပြန်ပြင်ပြောင်းရမယ့်အကြောင်းတွေဟာ အကြောင်းမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ သို့ပေမယ့်လည်း မူလ partition ထဲမှာအချက်အလက်တွေကို မပျက်မစီးဘဲဒီလိုပြုပြင်ပြောင်းလည်းမှုတွေပြုလုပ်ဖို့ အတွက်ကတော့ ကျွမ်းကျင်မှုတွေလိုအပ်ပါတယ်။ Vista မှာရှိတဲ့ partition တွေကိုပြုပြင်ဖို့ဆိုတာကလည်းနဂိုကတည်းကအချက်အလက်တွေရှိထားရင် အတော်သတိ ထားရမှာဖြစ်ပါတယ်။ အချက်အလက်တွေကပိုပြီးတော့ အရေးကြီးလေပိုသတိထားရလေဖြစ်မှာပါ။ disk အရွယ်အစားပြုပြင်မယ်ဆို ရင်အရင်ဆုံးလုပ်သင့်တာကအထဲက data တွေကို တစ်နေရာရာမှာ back-up လုပ်ထားသင့်တာဖြစ်ပါတယ်။ ယခုဖော်ပြမည့် Vista မှာ hard disk ရဲ့ partition ကို အချက်အလက်တွေ မပျက်စီးစေဘဲ အရွယ်အစားပြောင်းနိုင်တဲ့နည်းပညာဖြစ်ပါတယ်။ စမ်းသပ်ထားပြီးသာဆိုပေမဲ့လုံးဝပြည့်စုံတယ်လို့တော့ အာမခံလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ တစ်ခါတစ်ရံမှာမမျှော်လင့်နိုင်တဲ့ကိစ္စတွေ၊ ပြဿနာတွေပေါ်လာနိုင်လို့ဘဲဖြစ်ပါတယ်။ ဒါကြောင့် data ကို backup လုပ်ထားတာကစိတ်အချရဆုံးပါ။ - Start menu ကိုသွားပါ၊ Computer ဆိုတဲ့စာသားပေါ်မှာ right click ခေါက်ပေးပါ။ အဲဒီအခါမှာ dialog box ပေါ်မှာဖြစ်ပါ တယ်။ - Manage ကို click ခေါက်ခဲ့မယ်ဆိုလျှင်တော့ Computer Management ကိုတွေ့ရမှာဖြစ်ပါတယ်။ - အဲဒီအထဲက Storage ကို click ခေါက်ပြီး Disk Management tool ကိုတွေ့တဲ့အခါမှာ Disk Management ကို click ခေါက်လိုက်ပါ။ - ပြင်ချင်တဲ့ partition ပေါ် မှာ right click ခေါက်ပါ။ ဒီလို right click ခေါက်လိုက်တဲ့အခါ menu အသစ်ပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ - ဒီ menu ပေါ်လာခဲ့လျှင် menu အထဲရှိ shrink volume ကို click ခေါက်ပါ။ အဲဒီအခါမှာ partition ကိုအရွယ်အစားပြင်နိုင်တဲ့ window ပေါ်လာပါလိမ့်မယ်။ ပြုပြင်ချင်တဲ့အရွယ်အစာကိုရိုက်ထည့်လိုက်ပါ။ အဲဒီအခါမှာ Vista ကပြုပြင်ထားတဲ့ပမာဏကို Vista ကတွက်ချက်ပေးပါလိမ့်မယ်။ - Shrink ကိုနှိပ်လိုက်ရင်အရွယ်အစားကပြောင်းပြီးသားဖြစ် သွားပြီးရိုက်ထည့်ပေးလိုက်တဲ့ ပမာဏဟာမသန့်စင်ရသေးတဲ့ partition အသစ်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ hard drive ရဲ့ partition ပြောင်းလည်းနိုင်တဲ့ third-party utility တွေလည်းရှိပါသေးတယ်။ ဘယ်လို utility သုံးသတိပြုရမည့် အချက်ကတော့ data တွေကို back-up လုပ်ဖို့ဆိုတာပါဘဲ။

Ubuntu linux

0
အရင် မကြာသေးခင် တုန်းက ကျွန်တော် လင်းနစ်ကို ခဏ လေ့လာခဲ့ဖူးပါတယ်....ပထမတော့ SUSE ကို စသင်
ခဲ့ပါတယ်....အင်စတော လုပ်တာကြာပါတယ်...နောက်ပြီး နဲနဲ ရှုပ်ထွေးသလိုပဲ...အဲတာနဲ့ ကျွန်တော့်သူငယ်ချင်း
တစ်ယောက်က linux ubuntu ဆိုတာကို သုံးနေပါတယ်...ကျွန်တော်သိတာ နောက်ကျသွားတယ်...ဘာလို့လဲ
ဆိုတော့ ubuntu က တော်တော်သုံးရတာ အဆင်ပြေတယ်...SUSE လိုမျိုး drive တစ်ခုနေရာမပေးရဘူးလေ
ပုံမှန်ဆော့လ်ဝဲ တစ်ခု အင်စတောလုပ်သလိုပဲ လုပ်ပေးလိုက်ရုံပဲ..ပြီးရင် ၀င်းဒိုး C ထဲမှာ ရှိတယ်..ကြိုက်တဲ့
အချိန်ပြန်ဖြုတ်လို့ရတယ်လေ.... ဆော့ဝဲကလည်းသိပ်မလေးဘူးနဲနဲပဲရှိတယ်....1.4MB ပဲရှိတယ်ဗျာ..အောက်မှာ ဒေါင်းလုပ်ချလို့၇အောင် တင်ထားပေးတယ်...နောက်ပြီး အခြေခံ အသေးစိတ်က အစ သင်ပေါ်တဲ့ စာအုပ်ကို ပါ တင်ထားပေးတယ်...ကဲ ဒီလောက်အဆင်ပြေတယ် ဘာ၇ှိသေးလဲ....အောက်ကပုံတွေကတော့ မျက်စိထဲမှာ မြင်သွားအောင်တင်ထားပေးတာပါ....



ဒီအောက်က ပုံကတော့ ubuntu မှာ ထည့်ထားတဲ့ screen saver ပုံစံပါ...





ဒီအောက်ကပုံကတော့ ကော်မန်း ဘောက်ထဲမှာ အင်တာနက် ချိတ်ပုံနဲ့ ဖိုဒါထဲမှာရှိတဲ့ စာရင်းကို ကြည့်တဲ့
ကော်မန့်လေးပါ....





ဒီအောက်ကပုံကတော့ network connection ကိုဖော်ပြထားပါတယ်..အပြင်မှာ vpn ကိုသုံးပြီးချိတ်ပါတယ်..
ကျွန်တော်တို့ ကျောင်းမှာတော့ command auto etho နဲ့ ကော်မန်းတွေ အဆင့်လိုက်ထည့်ပြီး ချိတ်ပါတယ်..







ဒီအောက်က ပုံကတော့ ဂျီတော့ package ကို လင်းနစ်ထဲမှာထည့်ပြီး sing up လုပ်ထားတဲ့ပုံစံလေးပါ..
နောက်ပြီး ဂျီးတော့ ကို ချက်တင်သုံးနိုင်ပါတယ်...မိုက်နဲ့လည်း စကားပြောလို့၇အောင်လုပ်ပေးနိုင်ပါတယ်....
ရှင်းရှင်းပြောရရင် လုပ်လို့မ၇တာ မ၇ှိဘူးဗျာ...မသိသေးတာပဲရှိတယ်....









ဒီအောက်က ပုံကတော့ add/remove ကိုသွားပြီ လိုချင်တဲ့ package ကို သွား add တဲ့ပုံလေးပါ......သူ့ဘေး
မှာ ကြယ်လေးတွေက တော့ အသုံးပြုတာ အများဆုံး ဖြစ်တဲ့ rating ကိုပြထားတာပါ...နောက်ပြီး package ကို
ခေါ်ရင်လည်း အတိုကောက်လေး ရိုက်တာနဲ့ သူ့ဘာသာသူ အနီးစပ်ဆုံးတွေ ပေါ်လာပါလိမ့်မယ်....ဥပမာ...
ဂျီတော့ကို အပ်မယ်ဆိုရင် chat လို့ ရိုက်ပေးတာနဲ့ အများကြီးပေါ်လာပါလိမ့်မယ်....










ဒီအောက်က ပုံကတော့ lan ချိတ်ထားတဲ့ စက်တွေကို လင်းနစ်ထဲကနေ network ကိုသွားပြီး သူငယ်ချင်း
တစ်ယောက်ရဲ့ စက် ကို ခေါ်လိုက်တဲ့ပုံစံ လေးပါ....အပြင်ကလိုတော့ နာမည်ကိုသိရုံနဲ့ ခေါ်လို့တော့ မ၇ဘူးနော်
သူ့ရဲ့အရှေ့မှာ smb ဆိုတာလေးကို ခံပေးရတယ်...သေချာ ကြည့်ပေးပါ......









ဒေါင်းလုပ် ( လင်းနစ် အခြေခံစာအုပ်)

ဒေါင်းလုပ်(လင်းနစ် အခြေံစာအုပ်)( ifile)

ဒေါင်းလုပ် (ubuntu ဆော့လ်ဝဲ)


ဒေါင်းလုပ် (လင်းနစ်မြန်မာဘာသာ pdf files )














pdf file reading

0
pdf ဖိုင်ကို ဘာဆော့လ်ဝဲမှ မသုံးပဲစာဖတ်ခိုင်းမယ်ဗျာ...သိတဲ့လူတွေအများကြီးပါ ...မသိသေးတဲ့သူတွေအတွက်ပါဗျာ.....ကဲဘယ်လိုဖတ်ခိုင်းမလဲဆိုတော့ ...ဒီလိုလေးလုပ်လိုက်ပေါ့ဗျာ..

*ctrl+ shift+B - to hear the entire document
*ctrl+shift+v-to hear the page
*ctrl+shift+c -to resume
*ctrl+shift+e - to stop

အသံမြန်လို့ပြောင်းချင် တယ်ဆိုရင် setting>control panel>speech မှာပြင်လိုက်ပါ...

** ctrl+shift+b -document တခုအတွင်းမှာထည့်သွင်းထားတဲ့ အသံဖိုင်ကိုကြားရမယ်...ဥပမာ-ebook စာအုပ်တစ်အုပ်ကို ဒေါင်းလုပ်ယူခဲ့ရင် e book ရဲ့မူရင်း ၀က်ဆိုက် လိပ်စာ နှင့် credits များကိုကြား၇မည်..

**ctrl+shift+c-အသံဖိုင်တွေမှာရှိတဲ့ resume ခလုတ်ရဲ့အလုပ်လုပ် ပုံနဲ့ ဆင်တူပါတယ်

**ctrl+shift+e- မကြားလိုတော့တဲ့ အခါမှာပြန်လည် ပိတ်ပစ်နိုင်ပါတယ်...

CMD mode

0
ကဲ ကျွန်တော့်ရဲ့ ကရေစီ ကျတဲ့ cmd mode နဲ့ ကလိကျရအောင်ဗျာ... တချို့ဟာတွေက အခြားဘလော့မှာအဆင်
သင့်ရှိနေတာကြောင့် လင့်ကိုပဲ လမ်းညွန်ပေးလိုက်မယ်ဗျာ...

{ 1 }မိမိ ကွန်ပျူတာရဲ့ install dat ,, model,, serial number... တွေကို သိချင်ရင် ဒီ ....လင့်ကို......သွားပါ....

{ 2 }မိမိကွန်ပျူတာ ပါ အော်တိုပါနေတဲ့ ပရိုဂရမ် များကို cmd mode ကနေ လည်းခေါ်လို့ရတယ်နော်....အောက်က
ပုံလေးကို ကြည့်လိုက်ပေါ့....ဘယ်လိုတိုက်ပြီး ခေါ်၇မလဲဆိုတော့ notepad ,, calc ,, mspaint ,, charmap,,
osk စသည်ဖြင့် အများကြီးပဲဗျာ အကုန်ခေါ်လို့၇တယ်ဗျာ..ပုံကိုကြည့်လိုက်...




{ 3 } cmd command prompt တွင် "telnet towel.blinkenlights.nl" ကိုရိုက်ထည့်ပြီး enter ခေါက်ပါ..
စက္ကန့်အနည်းငယ်စောင့်ပြီးရင် star war ရုပ်ရှင် စပါပြီ..သိသူများလည်း ရှိချင်ရှိမှာပေါ့...


{ 4 }မိမိရဲ့ ကွန်ပျူတာ အိုင်ပီ ip address နဲ့ အခြား LAN ချိတ်မယ့် address များကို ကြည့်ချင်ရင်
ipconfig/all လို့ရိုက်ထည့်ပြီး အန်းတားခေါက်ပါ...ပေါ်လာပါလိမ့်မယ်...


{ 5 } cmd mode မှ driver တွေထဲကို ၀င်ချင်ရင် G:
files တွေကိုကြည့်မယ်ဆို၇င် dir
dir ထဲက ဖိုဒါထဲကို ထပ်ဝင်ချင်ရင် cd filename
folder တည်ဆောက်မယ်ဆို၇င် mkdir filename
rename ပေးချင်ရင် ren oldename newname
clear screen လုပ်ချင်ရင် cls
file ကို delete လုပ်ချင်ရင် del filename-file extension
date ကို ကြည့်ချင်ရင် date လို့ ရိုက်ထည့်
လက်ရှိအချိန်ကိုသိချင်ရင် time လို့ရိုက်ပါ
ကွန်ပျူတာမှာတပ်ဆင်ထားတဲ့ system and information ကိုကြည့်ချင်တယ်ဆိုရင် run ထဲကနေမသွားပဲ
cmd ထဲမှာပဲ dxdiag လို့ ရိုက်ထည့်လိုက်ပါ...ပြီးရင် ဘောက်စ်ကျလာမယ်..loading လုပ်တာ ခဏစောင့်ပေး
ပြီးရင် ရပါပြီ....အချက်အလက်အားလုံးကိုဖော်ပြပေးပါတယ်...







{ 6 } cmd mode ထဲကနေ် lan ချိတ်ထားသော စက်အချင်းချင်း မက်ဆေ့ ပို့မယ်ဆိုရင်
control panel>administrative tools>services>messenger>r-click>properties>starts type>disabled ဖြစ်နေရင် automati ပေးပါ...>apply>start ကိုထပ်နှိပ်ပါ..စက် ၂ ခုလုံးကိုတော့ cmd ကိုဖွင့်
ထားရမယ်နော်....ကဲစပို့တော့မယ်ဆိုရင် cmd > net send ipaddress (ip address ဆိုတာက ပို့မယ့်စက်၇ဲ့ အိုင်ပီကိုပြောတာပါ..)စက်အားလုံးကိုပို့မယ်ဆိုရင်တော့ အိုင်ပီမထည့်ပဲ နဲ့ net send typemessage ဆိုရင် ရပါပြီ...ဥပမာ....net send *morning everybody!


{ 7 } cmd ကိုသုံးနေရင်းနဲ့ နောက်ထပ်အသစ် ထပ်လိုချင်တယ်ဆိုရင် start ရိုက်ပြီး အန်းတားခေါက်လိုက်ရင် နောက်ထပ်အသစ်တခုကျလာလိမ့်မယ် ဗျာ..မယုံရင် လုပ်ကြည့်နော်...
နောက်ဆုံးဗျာ ဘားမှမလုပ်တတ်ရင် help လို့သာရိုက်လိုက် အဲဒီမှာ ကော်မန့်တွေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်
တွေကို ပြောပြလိမ့်မယ်....cmd mode ကနေ ဗိုင်းရပ် ရှိမရှိ စမ်းသပ်တဲ့ နည်းလမ်းရှိသေးတယ်...ကျွန်တော်
မေ့နေလို့နောက်မှ ပဲပြောပြတော့မယ်ဗျာ...



{8} cmd mode ကိုဖွင့်ပြီးရင် ဘယ်ဘက်အပေါ်ထောင့်မှာရှိတဲ့ cmd mode လေးထောင့် အမည်းတုံးလေး
ကို သွားထောက်ပြီး ကလစ်တချက်နှိပ်လိုက်ပါ...ဘောက်တခုကျလာပြီး အဲဒီမှာ သူ့ရဲ့ properties ရှိပါတယ်
အဲဒီကနေ နောက်ခံအရောင်...စာလုံးအရောင်...သူ့ရဲ့ ဆို်ဒ်အ၇ွယ်အစား....ကော်ပီကူးပြီး စလပ်လုပ်တဲ့
အရောင် ...တွေကို သွားပြီး ချိန်းလို့ရပါတယ်...နောက်ပြီး cmd mode အတွင်းမှာ ညာကလစ်ထောက်ရင်
mark ဆိုတာ ရှိပါတယ် ..တချက်နှိပ်လိုက်ပါ ပြီး၇င် cursor ရှိတဲ့နေရာကနေ မောက်စ်ကိုထောက်ပြီး ကော်ပီ
ကူးချင်တဲ့နေရာထိ ဆွဲပါ...ပြီး၇င် ညာကလစ်ထောက်ပြီး paste ပေးလိုက်ခြင်းအားဖြင့် ..copy..paste လုပ်လို့၇
ပါပြီ...အောက်က ပုံလေးကို တချက်ကြည့်လိုက်ပါအုန်း...




{ 9 } name သိတဲ့ virus ဆိုရင် DOS ကနေ သတ်လို့ရပါတယ် လုပ်ဖူးတာကိုပြောတာပါ..အရင်ဆုံး run
ကနေ cmdကို ရိုက်ပြီး ခေါ်ပါ..။ virus က C: ထဲက file တခုထဲေ၇ာက်နေတယ်ဆိုပါတော့ virus ရှိတဲ့ part dir ကို အရင် change ရမယ်လေ...dir change ချိန်းချင်ရင် cd\enter ခေါက်ပါ..ပြီးရင် ကိုယ်သွားချင်
တဲ့ dir ကိုေ၇ာက်အောင် cd windows စသည်ဖြင့် ရေးပြီး enter ခေါက်ပါ.. virus ၇ှိတဲ့ folder/drives
ကိုရောက်ရင် attrib -r -h -s(virus name.frile extension) ရိုက်ပြီး enter ခေါက်ပါ...ဒါဆိုရင်
c:\windows>- ကာဆာဆိုပြီးပေါ်နေမယ် ပြီး၇င် del(virus name.frile extension) ရိုက်ပြီး enter ခေါက်ပါ..ဒါလောက်ပါပဲ.။။ space ခြားရမယ့်နေရာတွေတော့သေချာ လုပ်ပါ....

{ 10 } cmd ထဲကနေ drive တွေထဲက ဖိုဒါတွေထဲမှာ စာရင်း list လေးလုပ်ကြည့်မယ်ဗျာ..ပထမ drive D:
folder cd foldername ကိုသွား.. ကိုယ်လုပ်ချင်တဲ့ဖိုဒါကိုရောက်ပြီဆိုရင် dir>list.txt ဟုရိုက်ထည့်ပြီး
enter ခေါက်ပါ...ပြီးရင် အဲဒီဖိုဒါရှိတဲ့နေရာမှာ သွားကြည့်လိုက်ပါ...listတစ်ခုရှိနေပါလိမ့်မယ် ဖွင့်ကြည့်လိုက်ပါ
list ဆိုတဲ့နေရာမှာကြိုက်တဲ့ name ကိုထည့်လို့၇ပါတယ်

cmd mode နှင့် ပရိုဂ၇မ်ခေါ်သုံးတာများကို လေ့လာချင်ရင် ကော်မန့်တွေ သင်ပြပေးတဲ့ဆိုက်လေးကို ညွန်း
ပါရစေ...အောက်ကလင့်ကိုသွားလိုက်ပါ... http://mirror.href.com/thestarman/asm/debug/debug2.htm#CMDS

အောင်မြင်ပါစေ

use paint & myanmar fonts

0
စီဘောက်မှာ လာပြီးတော့ သူငယ်ချင်းဆိုတဲ့ သူငယ်ချင်းတယောက်က picture တခုအပေါ်မှာစာရေးတာ မသိဘူးဆိုလို့ ရှင်းပြပေးချင်တာ
နဲ့ ပို့စ်တင်လိုက်ပါတယ်.....ကျောင်းဖွင့်နေတာ မအားလို့ချက်ချင်း ပို့စ်မတင်ပေးနိုင်တဲ့အတွက် နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်ဗျာ..
ကဲအောက်မှာ paint ပေါ်မှာ စာေ၇းပုံေ၇းနည်းကို နံပါတ် အစဉ်လိုက်နဲ့ ပြပြီ...အဲဒီနံပါတ် တစ်ခုချင်းစီအတွက် ပြန်လည်ရှင်းပြပေးထားပါ
တယ်...အောက်က ပုံကိုသေချာ လေ့လာပြီးစိတ်ရှည်၇ှည်နဲ့ လိုက်လုပ်ကြည့်ပါ လွယ်ကူပါတယ်....



နံပါတ်(၁)= ပထမဦးဆုံး အနောက်မှာ ထည့်ချင်တဲ့ပုံလေးကို file > open ကနေ ဖွင့်ပြီးထည့်ပါ...
နံပါတ်(၂)= ဒုတိယအနေနဲ့ A ဆိုတဲ့ စာလုံးလေးကို နှိပ်ပါ.. စာရေးရန်ေ၇ွးချယ်ခြင်းပါ...
နံပါတ်(၃)=ေ၇ွးချယ်ပြီးတာနဲ့ အောက်မှာ လေးထောင့်အတုံး function ၂ ခုရှိပါတယ်..အောက်က ပုံလေးကိုေ၇ွးပေးပါ...အောက်က
ပုံကိုေ၇ွးမှသာ ပုံပေါ်မှာ စာပေါ်မှာဖြစ်ပါတယ်...အပေါ်ကဟာဆို၇င် အဖြူကွက်လပ်ကြီးက အနောက်မှာပေါ်နေပါလိမ့်မယ်
နံပါတ် (၄)(၅)= ပြီး၇င် အပေါ်မှာ ဖောင့်ဘားတန်းလေး ပေါ်လာပါလိမ့်မယ်...ကိုယ်ေ၇းချင်တဲ့ဖောင့်ဒီဇိုင်းကိုေ၇ွးပါ..သူ့ဘေးမှာ စာလုံး
အ၇ွယ်အစားကိုေ၇ွးချယ်နိုင်ပါတယ်...သတိပေးချင်တာကတော့ အဲဒီဘားဖောင့်ဘားတန်းလေးကို သွားပြီးမပိတ်လိုက်ပါနဲ့
လိုလိုမလိုလို မပိတ်ပါနဲ့ ..ပေါ်နေပါစေ..ဘယ်အချိန်ပေါ်လာလဲဆိုတော့ စာေ၇းဖို့ cursor မျှားလေးကိုတချက်ကလစ်တာ
နဲ့ပေါ်လာပါတယ်..
နံပါတ်(၆)= နောက်ဆုံးကတော့ စာေ၇း ဖို့ပဲကျန်ပါတော့တယ်...စာကိုများများေ၇းချင်၇င် သူမှာပေါ်လာတဲ့ အကွက်ကလေးကို ချဲ့ပြီးေ၇းပါ
ပြီးရင် နေရာ အလွတ်တခုခုမှာ မောက်ကလေးကို တချက်ထောက်လိုက်ပါ.. ပြီး၇င်တော့ save လိုက်ပေါ့ဗျာ....

အောက်မှာ မြန်မာဖောင့်ဒီဇိုင်းလေးတွေရဲ့ပုံနဲ့ ဖောင့်တွေကို upload တင်ပေးထားပါတယ်..ဒေါင်းလုပ်ချနိုင်ပါတယ်...ကွန်ပျူတာမှာ
ဖောင့်ကို သွင်းချင်၇င်...အ၇င်ဆုံး control panel ထဲက font ဆိုတဲ့ folder ကိုဖွင့်ပါ..ပြီး၇င် ကိုယ်သွင်းချင်တဲ့ ဖောင့်တွေအကုန်လုံးကို
ကော်ပီယူပြီး paste လုပ်ပါ...သူက ok သို့မဟုတ် yes တောင်းပါလိမ့်မယ်... ok သို့မဟုတ် yes ကို ဖောင့်အားလုံးသွင်းပြီးတဲ့အထိ
ဆက်တိုက်နှိပ်ပေး၇ပါမယ်....အဲတာမှ ဖောင့်တွေအကုန်လုံးဝင်သွားမှာဖြစ်ပါတယ်..ကြိုက်တဲ့ဖောင့်တွေကို သွင်းပေးနိုင်ပါတယ်......


ဒေါင်းလုပ် (မက်ထရစ်ဖောင့်)
ဒေါင်းလုပ်(အနုပညာအိမ်ဖောင့်)
ဒေါင်းလုပ်(ဘုရင်ဖောင့်)
သူငယ်ချင်း ပြောတဲ့ လိုဂိုတွေတော့ ကျွန်တော့်မှာမ၇ှိဘူးဗျ...ကိုညီလင်းဆက်...ကိုမနောသား ...ကိုသံလုံငယ် တို့ဆီမှာတွေ့ဖူးပါတယ်
အဲဒီ နည်းပညာ ဘလော့တွေမှာ ရှာကြည့်နိုင်ပါတယ်.....ကျေးဇူးတင်လျှက်....

Folder delete problem

0
ကဲ မသိသေးသူများအတွက်ပါ...၀င်းဒိုး park 2 တင်ထားတဲ့စက်တွေမှာ ဖိုဒါတွေ...ဖိုင်တွေကို ဖျက်မရတာမျိုး ကြုံဖူးမှာပေါ့
အဲဒါကို ဖျက်လို့မရ ရင်ဒီလိုလုပ်လိုက်ပေါ့ဗျာ....ရီစတက်ချပါ...safe mode ကိုဝင်ပြီး ခုနက ဟာကိုသွားဖျက်ပါ...အဆင်ပြေ
မယ်ထင်ပါတယ်...အဲလိုမှမရ၇င် unlocker နဲ့ဖျက်ပါ...ဘယ်လိုဖျက်လဲဆိုရင် အဲဒီဆော့ဝဲကို အင်စတောလုပ်ပြီး ဖျက်ချင်တဲ့
ဖိုင်ကို ညာကလစ်ထောက် unlocker ကိုနှိပ် ပြီး၇င် သူဘာလုပ်ချင်တာလဲေ၇ွးချယ်ခိုင်းလိမ့်မယ်....အဲဒီမှာ delete..remove...rename စတာတွေကိုေ၇ွးပြီး အိုကေပေးရင်...ကိုယ်ဖြစ်စေချင်တာတွေဖြစ်ပါပြီ...ဆော့ဝဲကိုအောက်မှာ
ဒေါင်းပါ... ဆော့ဝဲကိုဖြည်ရင် password တောင်းလိမ့်မယ်.... password ကတော့ yawayetun ပါ...အိုကေနော်....အော်ပြောဖို့မေ့သွားတယ်..park 2 လို့ ဘာလို့ပြောရလဲဆိုတော့ xp park 3 တွေမှာ unlocker ဆို
တဲ့ဆော့ဝဲ အော်တိုထည့်ထားပေးလို့ အဲဒီဆော့ဝဲမလိုပါဘူး...နားလည်မယ်ထင်တယ်နော်....


ဒေါင်းလုပ် (unlocker)

genuie microsoft error

0
အင်း ဒီတခါတော့ မတင်လို့ မရတော့ဘူး...ကျွန်တော့်စက်ကို ၀င်းဒိုး ပြန်တင်ပြီး သုံးတဲ့ အခါ မှာ genuie microsoft
အစစ် မဖြစ်ဘူးဆိုတာကြီးက အောက်က ဘားမှာ လာပေါ်နေပါတယ်...ဒီကောင် ကြီးဖြစ်နေရင် ဆော့ဝဲတွေ..ဇာတ်ကားတွေ
ဒေါင်းလုပ် ချလို့လည်း မရဘူး..အဆင်မပြေဘူးဗျ....

နောက်ပြီး အဲတာကြီး ဖြစ်နေတာ တော်တော် ဆိုးတယ်ဗျ..ကြည့်ရတာ လည်းဆိုးတယ်.... error လည်း ခဏခဏ တက်တယ်...အဲလို ဖြစ်လာရင်microsoft window ကို ဂျီးနီးယပ် အစစ်လေးဖြစ်အောင် အောက်မှာနည်း လမ်းတွေ ပြောပြထားပါတယ် ဖြစ်လာရင် လုပ်ကြည့်ပေါ့....ပထမ ဦးဆုံး ဆော့ဝဲလေးကို အရင် ဒေါင်းလုပ်ချလိုက်
ပါ .....

ဒေါင်းလုပ် ( make genuine win xp)

.ပြီးရင် အောက်ပါ အတိုင်း လိုက်လုပ် လို့ ရပါပြီ.ပီးရင်ကြိုက်တဲ့နေရာမှာ ပြန်ဖြည်ချလိုက်ပါ။ အဲဒီဖိုလ်ဒါထဲမှာ ဖိုင်သုံးဖိုင်တွေ့ရပါမယ်။ အဲဒီထဲက Make Genuine.reg ဆိုတဲ့ registry ဖိုင်ကို double-click လုပ်ပါ။ တစ်ချို့စက်တွေမှာ registry file တွေကို တန်းဖွင့်လို့မရဘဲ error window တွေတက်လာတတ်တယ်။ အဲဒီအခါကျရင် Registry Editor ကိုဖွင့်ပြီး ကိုယ်ထည့်ချင်တဲ့ registry file ကို import လုပ်ပေးရပါမယ်။ ဒီလိုလုပ်ပါ။
- Start -> Run ကိုဖွင့်ပါ။ (Windows Key + R)
- regedit လို့ရိုက်ပြီး OK ပြောပါ။
- ပေါ်လာတဲ့ Registry Editor ၀င်းဒိုးမှာ File -> Import... အဆင့်ဆင့်သွားပါ။
- Import Registry File မှာ ကိုယ်ထည့်ချင်တဲ့ ဖိုင်ကိုရွေးပြီး Open ပြောပါ။ ဒါဆိုရင် ဖိုင်ထည့်လို့အောင်မြင်ကြောင်း box တစ်ခုတက်လာပါမယ်။ OK ပြောပါ။
ဒါဆိုရင်ကျနော်တို့ရဲ့ Windows ဟာ အစစ်အမှန်ဖြစ်သွားပါပြီ။ တကယ်ဖြစ်မဖြစ် Tool တစ်ခုနဲ့စစ်ကြည့်ရအောင်။ ခုနက ဖိုင်သုံးဖိုင်ထဲက Microsoft Genuine Advantage Diagnostic Tool ဆိုတဲ့ဖိုင်ကို run ပါ။ ခဏစောင့်ပြီးရင် ၀င်းဒိုးတစ်ခုတက်လာပါမယ်။ အဲဒီမှာ Genuine validation status မှာ Genuine ဆိုတဲ့ အစိမ်းရောင်စာသားကိုမြင်ရပါမယ်။ (တကယ်လို့ registry ဖိုင်ကို import မလုပ်ခင် ဒီ tool နဲ့စမ်းခဲ့ရင် validation status မှာ Invalid ဆိုပြီးအနီရောင်စာသားကို မြင်ရပါမယ်။) ကဲ... ခုချိန်ကစပြီး ၀င်းဒိုးစ်အပ်ဒိတ်တွေ၊ MS Genuine Software တွေကို ဒေါင်းလုတ်ချနိုင်ပါပြီ။Screenshots တွေကို ကြည့်လိုက်ပါဦး။











ကဲနောက်ဆုံးဗျာ....အခု အပေါ်မှာပြောတဲ့အတိုင်း မရဘူးဆိုရင် အဲဒီ ဟာကြီး ကိုမလုပ်ချင်ဘူး..အချိန်ကုန်တယ်...
ဆက်မလုပ် ချင်ဘူးဆို ရင် အောက်ကပေးထားတာ လေးကို ဒေါင်းလုပ်ချပြီး တော့သာ run ပေးလိုက်ပါ...

ဒေါင်းလုပ်(removewga12.rar)

ပြီးရင်ရီစတက်
restart ချပေးလိုက် ပြီးတော့ပြန်တက်လာရင် ကြည့်လိုက်ပါ အဲဒီဟာကြီး ပျောက်သွား တာကိုတွေ့၇ ပါလိမ့်မယ်...အဲ
တာကတော့ အလွယ်ဆုံးနည်း ပဲဗျို့ လုပ်ချင်သလို လုပ်..စိတ်ကြိုက်သာလုပ်...လိုတာရှိ ရင်လည်းပြောပြကြအုန်း..အခု
ကျွန်တော့် နည်းလမ်းတွေထက် လွယ်တာတွေ လည်းရှိပါသေးတယ်...ကျွန်တော် သိပ်နားမလည် လို့ မတင်တော့ပါဘူး..ကျေးဇူးဗျာ....

(မှတ်ချက်== နားလည်သလို ပြန်လည် ဖော်ပြပေးခြင်း ဖြစ်ပါတယ်...ကိုယ်ပိုင်ပို့စ် တခုတော့မဟုတ်ပါ)

how to burn iso file

0
ကိုသံလုံဆီကနေ ပညာပြန်ယူထားတာပါ...အောက်မှာလည်း သူ့ပုံစံ အတိုင်းပဲ ကျွန်တော်နာလည်သလိုပြန်လိုတင်ပြပေးထားပါတယ်
ကျွန်တော်သိသလောက်ကိုပြောပြပါ့မယ်... Nero ထက်ကိုလွယ်ပါတယ်။ ISO Burner လေး Download မလုပ်ရသေးဘူးဆိုရင် အောက်မှာယူလိုက်ပါ။

ဒေါင်းလုပ်

ဆိုတဲ့အောက်မှာ လင့်နှစ်မျိုးရှိပါမယ်။ .exe ဒါရိုက်ရယ်၊ ဇစ်နဲ့ချုံ့ထားတာရယ်။ အဆင်ပြေတာသာ ဒေါင်းလိုက်။

Run တာက ပုံမှန်အတိုင်းပါပဲ။ Freeware ဖြစ်ပါတယ်။ Run ပြီးပြီ ဆိုတာနဲ့ အောက်ပါအတိုင်း ပေါ်ပါတယ်။


အောက်ကပုံမှာ ၀ိုင်းပြထားတဲ့ နေရာကို နှိပ်ပြီး Download ချထားတဲ့ ISO ဖိုင်လေးကို ရွေးပေးလိုက်ပါ။

ပြီးရင် Drive ထဲကို ခွေအသစ် တစ်ခွေထည့်ပေးလိုက်ပါ။ (CD ရော DVD ရော ဘယ်အမျိုးအစား ဖြစ်ဖြစ်ရပါတယ်) အောက်ပုံမှာပြထားတဲ့အတိုင်း BURN ISO ကို နှိပ်ပေးလိုက်ရုံပါပဲ။


Complete ဖြစ်သွားရင် ခွေပြန်ထွက်လာပြီး Process ပြီးပြီဖြစ်ကြောင်း၊ ထပ်ကူးဦးမှာလားဆိုတာ လာမေးပါတယ်။ လိုချင်တဲ့ ISO ဖိုင်ကို CD ရိုက်ပြီး ဖြစ်ပါတယ်။ အဆင်ပြေမယ်ထင်ပါတယ်။ ကျနော် ရှယ်ထားတဲ့ OS အားလုံး ISO ဖိုင်နဲ့ဖြစ်ပါတယ်။ အဆင်ပြေကြပါစေဗျာ။

delete problem

0
မသိသေးတဲ့လူတွေ များမယ်ထင်လို့ ပြောပြတာပါ.သိပြီးသားဆိုရင်တော့ဆော်၇ီးနော်...ကျွန်တော်ကြုံဖူးတာလေးပါ..ဒီလိုဗျာ
control panel >> add or remove program ကနေ ဆော့်ဝဲတွေကို ဖျက်တဲ့အခါမှာ တချို့ဖျက်လို့မရတဲ့
ဆော့်ဝဲတွေရှိပါတယ်...တခုခုနဲ့ညှိတာမျိုးလည်း ဖြစ်တတ်တယ်ပေါ့ဗျာ..အဲဒီအခါ မှာ ccleaner ဆော့်ဝဲလေးက တော်
တော် အသုံးဝင်တယ်ဗျာ..အဲဒီဖျက်လို့မရတဲ့ အခါကျရင် ccleaner နဲ့ဖျက်လို့ရတယ်ဗျ...လုပ်ပုံကလွယ်လွယ်လေးပါ
အောက်က ပုံကိုကြည့်လိုက်ရင် သိသာပါတယ်..နောက်ပြီး ccleaner ဆော့်ဝဲဟာ မိမိစက်ထဲမှာ run ထားသင့်ပါတယ်
ဖိုင်အပိုတွေမှန်မသမျှကိုလည်းဖျက်ပေးနိုင်ပါတယ်..မိမိစက်ကို လည်းပေါ့ပေါ့ပါးပါး ဖြစ်စေပါတယ်..တော်တော်အသုံးဝင်ပါ
တယ်..ဆော့်ဝဲမရှိသေးသူများအောက်မှာဒေါင်းလိုက်ပါ...ကျေးဇူးပါ..


ဒေါင်းလုပ်

Desktop Shadows များဖျောက်မယ်

0
ကျွန်တော်အခုပြောချင်တာကတော့ ကွန်ပျူတာရဲ့ desktop ပေါ်မှာ တခါတလေကျ ရင် shadows တွေပေါ်နေ
တာကို မပျောက်တတ်တဲ့သူငယ်ချင်းတွေ ညီလေးတွေသိအောက် ပြောပြပါ့မယ်...အောက်ပါအဆင့် တွေကို
တခုချင်းဆီလိုက်လုက်ကြည့်ပါ အဲဒီအထဲက တခုခု နဲ့ ငြိနေတာဖြစ်ပါလိမ့်မယ်....

၁။ desktop/R-click /lock web items on desktop.... check or uncheck လုပ်ကြည့်ပါ..

၂။computer/r-click/ advanced/ performance/setting/ use drop shadows for icon labels on the desktop..check or uncheck လုပ်ကြည့်ပါ..

၃။desktop/R-click /properties/desktop/customize desktop/run desktop cleanup wizard every 60 days... check or uncheck လုပ်ကြည့်ပါ..

၎။desktop/R-click /properties/desktop/customize desktop/web /lock desktop items ... check or uncheck လုပ်ကြည့်ပါ.. or နောက်ပြီး web pagesအဲဒီအထဲက ဘောက်လေးထဲမှာ အမှတ်ကလေးခြစ်ထားတာရှိရင် ဖြုတ်ပေးလိုက်ပါ.သူကတော့ အင်တာနက်က ပုံလေးတွေနဲ့ငြိနေရင် အမှတ်ကလေး ပေါ်နေပါတယ်။။။

်....ဒီအချက်တွေနဲ့ လွဲပြီးတော့ ငြိစရာအကြောင်းလုံးဝမရှိတော့ပါဘူး...

Auto-restart ကျရင်

0
ဒီလိုလေးလုပ်ကြည့်လိုက်ပါ...
1. Right-click My Computer, and then click Properties.
2. Click the Advanced tab.
3. Under Startup and Recovery, click Setting to open the Startup and Recovery dialog box.
4. Clear the Automatically restart check box, and click OK
5. Restart your computer for the settings to take effect.

Data backup when PC Fail to boot

0
computer ကို Format ပြုလုပ်ရန် လိုအပ်ချိန်၊ Boot လုပ်ငန်းစဉ်လည်း မလုပ်ဆောင် နိုင်တော့ တဲ့အချိန်၊
မဖြစ်မနေ ပြုလုပ်ရမဲ့ back up ပြုလုပ်ခြင်း အကြောင်းကို ဆွေးနွေးသွားပါမယ်
၁။ Windows Bootable CD ကိုအသုံးပြုပြီးတော့ Computer ကို boot ပြုလုပ်လိုက်ပါ။ Setup screen ပေါ်လာချိန်မှာ
Recovery ကိုရွေးချယ်ပါ ဒါမှ ကျွန်တော် တို့ အဓိက အသုံးပြုရမဲ့ command prompt ကိုအသုံးပြုနိုင်မှာပါ
command prompt ကို ဖွင့်လိုက်တဲ့ အချိန်မှာ windows Recovery ပြုလုပ်ရန် C:\Windows ကိုပေးထားပါတယ်။
format ပြုလုပ်ရာမှာ မပါဝင်တဲ့ Hard disk တစ်ခုခုမှာ သိမ်းဆည်းဖို့ ဖိုဒါတစ်ခု ဆောက်ဖို့အတွက်
MD D:\Backup လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ (သိမ်းမဲ့ HD က E ဆိုရင်
MD E:\backup ပေါ့ F ဆိုရင် HD F:\Backup ပေါ့ အဓိက က format ပြုလုပ်ရာမှာ မပါဝင်တဲ့ hard disk
မဖြစ်ဖို့ ပါပဲ) ဖိုဒါ ဆောက်ပြီး သွားတဲ့ အတွက် Backup ပြုလုပ် မဲ့ ဖိုင်တွေကို CD "C:\Documents and Settings\x"
လို့ရိုက်ထည့်ပြီး လှမ်းခေါ်လိုက်ပါမယ် ဒီနေရာမှာ ဖိုင်ရှိတဲ့ နေရာအပေါ်မှာ မူတည်ပြီးတော့
CD D:\documents and.. , E ဆိုရင် CD "E:\documents and ...., ဆိုပြီး ကွဲပြားသွားပါမယ်
"x" ဆိုတာကတော့ user name အနေနဲ့ အသုံးပြုခဲ့တာပါ desktop ပေါ်က ဖိုင်တွေကို ခေါ်မယ်ဆိုရင်
C:\Documents and Settings\x\Desktop ကိုရွေးချယ်ပေးလိုက်ပါ ဖိုင်တွေကို ကြည့်ချင်တယ်ဆိုရင်
တော့ " dir " ရိုက်ထည့်ပြီး Enter ခေါက်ပါ ဖိုင်တွေကို ကူးယူဖို့အတွက် ကူးယူမဲ့ ဖိုင်ရဲ့အမည်နဲ့ extansion
ကိုပါ ရိုက်ထည့်ပြီးခေါ်ရပမယ် ဒီလိုလေးပါ "copy bar nyar bar nyar.txt D:\Backup "
အထက်ပါ နည်းအတိုင်း မိမိ backup ပြုလုပ်လိုသည်ဖိုင်များကို တစ်ခုချင်းစီ လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ပါပြီ
တကယ်လို့ မိမိ format ပြုလုပ်တာ အမှားအယွင်းတစ်ခုခု ဖြစ်ခဲ့ တဲ့အချိန် boot လုပ်ဆောင်ခြင်း
မအောင်မြင်တဲ့ အချိန်မျိုးမှာ အလွယ်တစ်ကူ Recovery လုပ်နိုင်မှာပါ
အဆင်ပြေချောမွေ့ကြပါစေ...............

သင်္ချာသင်္ကေတများ

0
ကွန်ပျူတာအကြောင်းကောင်းကောင်းမသိသေးတဲ့ညီလေးများနဲ့သူငယ်ချင်းများကို အသိပေးရုံလေးသက်သက်ပါ...ကျွန်တော့်တို့ကွန်ပျူတာမှာ သင်္ချာနဲ့ပတ်သက်ပြီးသောသင်္ကေတများကို ကီးဘုတ်ကနေရိုက်လို့မရပါဘူး...အဲဒီအခါမှာဘာဆော့ဝဲမှာ မလိုပဲ ကွန်ပျူတာမှာပေးထားပြီးသားပါ အောက်ကပုံစံအတိုင်းသွားလိုက်ပါ (်C:\Program Files\Common Files\Microsoft Shared)အဲဒီမှာ portable လို့ပြောလို့ရတဲ့ ဆော့ဝဲလေးကိုပေးထားပါတယ် အဲတာကိုဖွင့်ပြီး ရေးပါ...ပြီးရင်လိုတဲ့နေရာကို ကော်ပီးကူးထည့်လို့ရပါတယ်..မသိသေးသောသူငယ်ချင်းများအတွက်ဖော်ပြပေးထားချင်းဖြစ်ပါတယ

ISO - BURNER

0

ဒီတခါတော့ CD & DVD ခွေတွေထဲကိုမိမိကွန်ပျူတာမှာရှိတဲ့ အချက်အလက်တွေ ထည့်သွင်းဖို့(တနည်းအားဖြင့် ခွေburn)ဖို့ အတွက် nero ၊ ulead တွေထက်အသုံးပြုရတာလွယ်ကူတဲ့ ISO burner ဆော့ဝဲလေးကိုတင်ပေးလိုက်ပါတယ၊် အသုံးပြုရတယ် လွယ်ကူလို့ပါ 3.30 MB ပဲရှိပါတယ်၊အောက်ပါ ဒေါင်းလိုက်လို့ရပါပြီခင်ဗျာ။။။။


DOWNLOAD

pointer ကိုပုံစံတစ်မျိုးနဲ့ move မယ်

0



Control Panel ကိုသွားပါAccessibility Options ကို cLick လုပ်ပါmouse Tab ကို ရွေးပါ . . .
Use Mouse Key click လုပ်ပါ Apply လုပ်ပါဒါဆို Taskbar မှာ mouse ပုံလေးတွေ့ရလိမ့်မယ်
Number Key Pad က 7 8 9 4 6 1 2 3 ကိုသုံးပြီး Pointer ရွေ့ပါNumber က Enter ပါ . . "/" က
Left Click "-" က Right Clickစမ်းသုံးကြည့်ပါဦးသိထားဖူးရင် ဆောရီးနော်
-----------------------------------------------------------------
ကိုယ်ကစာတွေ အများကြီးတော့ ရိုက်ချင်တယ်။ ကီးဘုတ်လက်ကွက်တွေတော့ မနှိပ်တက်ဘူး၊ အဲဒီလို ဖြစ်နေရင် ဒီလိုလုပ်။
Start ကို ဖွင့် ပြီးရင် Programs ထဲသွား၊ Accessories ထဲကနေတဆင့် Accessibility ပြီးရင် on-screen keyboard ဆိုတာကို ကလစ်လုပ်။
ကီးဘုတ်ပုံစံလေး မော်နီတာမှာပေါ်လာလိမ့်မယ်။ အဲဒီ မော်နီတာပေါ်က ကီးဘုတ်ပုံစံလေးမှာ Settings ထဲကိုဝင် ပြီးရင်ဖောင့်ဆိုတာကို ကလစ်လုပ်။

ကိုယ်ကြိုက်တဲ့ ဖောင့်ကို ရွေး ပြီးရင် OK လုပ်။ ဒါဆိုရင် Mouse လေးနဲ.နှိပ်ပြီး စာတွေရိုက်လို. ရပြီပေါ့။