အရင် မကြာသေးခင် တုန်းက ကျွန်တော် လင်းနစ်ကို ခဏ လေ့လာခဲ့ဖူးပါတယ်....ပထမတော့ SUSE ကို စသင်
ခဲ့ပါတယ်....အင်စတော လုပ်တာကြာပါတယ်...နောက်ပြီး နဲနဲ ရှုပ်ထွေးသလိုပဲ...အဲတာနဲ့ ကျွန်တော့်သူငယ်ချင်း
တစ်ယောက်က linux ubuntu ဆိုတာကို သုံးနေပါတယ်...ကျွန်တော်သိတာ နောက်ကျသွားတယ်...ဘာလို့လဲ
ဆိုတော့ ubuntu က တော်တော်သုံးရတာ အဆင်ပြေတယ်...SUSE လိုမျိုး drive တစ်ခုနေရာမပေးရဘူးလေ
ပုံမှန်ဆော့လ်ဝဲ တစ်ခု အင်စတောလုပ်သလိုပဲ လုပ်ပေးလိုက်ရုံပဲ..ပြီးရင် ၀င်းဒိုး C ထဲမှာ ရှိတယ်..ကြိုက်တဲ့
အချိန်ပြန်ဖြုတ်လို့ရတယ်လေ.... ဆော့ဝဲကလည်းသိပ်မလေးဘူးနဲနဲပဲရှိတယ်....1.4MB ပဲရှိတယ်ဗျာ..အောက်မှာ ဒေါင်းလုပ်ချလို့၇အောင် တင်ထားပေးတယ်...နောက်ပြီး အခြေခံ အသေးစိတ်က အစ သင်ပေါ်တဲ့ စာအုပ်ကို ပါ တင်ထားပေးတယ်...ကဲ ဒီလောက်အဆင်ပြေတယ် ဘာ၇ှိသေးလဲ....အောက်ကပုံတွေကတော့ မျက်စိထဲမှာ မြင်သွားအောင်တင်ထားပေးတာပါ....
ဒီအောက်က ပုံကတော့ ubuntu မှာ ထည့်ထားတဲ့ screen saver ပုံစံပါ...

ဒီအောက်ကပုံကတော့ ကော်မန်း ဘောက်ထဲမှာ အင်တာနက် ချိတ်ပုံနဲ့ ဖိုဒါထဲမှာရှိတဲ့ စာရင်းကို ကြည့်တဲ့
ကော်မန့်လေးပါ....

ဒီအောက်ကပုံကတော့ network connection ကိုဖော်ပြထားပါတယ်..အပြင်မှာ vpn ကိုသုံးပြီးချိတ်ပါတယ်..
ကျွန်တော်တို့ ကျောင်းမှာတော့ command auto etho နဲ့ ကော်မန်းတွေ အဆင့်လိုက်ထည့်ပြီး ချိတ်ပါတယ်..

ဒီအောက်က ပုံကတော့ ဂျီတော့ package ကို လင်းနစ်ထဲမှာထည့်ပြီး sing up လုပ်ထားတဲ့ပုံစံလေးပါ..
နောက်ပြီး ဂျီးတော့ ကို ချက်တင်သုံးနိုင်ပါတယ်...မိုက်နဲ့လည်း စကားပြောလို့၇အောင်လုပ်ပေးနိုင်ပါတယ်....
ရှင်းရှင်းပြောရရင် လုပ်လို့မ၇တာ မ၇ှိဘူးဗျာ...မသိသေးတာပဲရှိတယ်....

ဒီအောက်က ပုံကတော့ add/remove ကိုသွားပြီ လိုချင်တဲ့ package ကို သွား add တဲ့ပုံလေးပါ......သူ့ဘေး
မှာ ကြယ်လေးတွေက တော့ အသုံးပြုတာ အများဆုံး ဖြစ်တဲ့ rating ကိုပြထားတာပါ...နောက်ပြီး package ကို
ခေါ်ရင်လည်း အတိုကောက်လေး ရိုက်တာနဲ့ သူ့ဘာသာသူ အနီးစပ်ဆုံးတွေ ပေါ်လာပါလိမ့်မယ်....ဥပမာ...
ဂျီတော့ကို အပ်မယ်ဆိုရင် chat လို့ ရိုက်ပေးတာနဲ့ အများကြီးပေါ်လာပါလိမ့်မယ်....

ဒီအောက်က ပုံကတော့ lan ချိတ်ထားတဲ့ စက်တွေကို လင်းနစ်ထဲကနေ network ကိုသွားပြီး သူငယ်ချင်း
တစ်ယောက်ရဲ့ စက် ကို ခေါ်လိုက်တဲ့ပုံစံ လေးပါ....အပြင်ကလိုတော့ နာမည်ကိုသိရုံနဲ့ ခေါ်လို့တော့ မ၇ဘူးနော်
သူ့ရဲ့အရှေ့မှာ smb ဆိုတာလေးကို ခံပေးရတယ်...သေချာ ကြည့်ပေးပါ......

ဒေါင်းလုပ် ( လင်းနစ် အခြေခံစာအုပ်)
ဒေါင်းလုပ်(လင်းနစ် အခြေံစာအုပ်)( ifile)
ဒေါင်းလုပ် (ubuntu ဆော့လ်ဝဲ)
ဒေါင်းလုပ် (လင်းနစ်မြန်မာဘာသာ pdf files )

Comments (0)
Post a Comment