Twitter
RSS
Showing posts with label other knowledge. Show all posts
Showing posts with label other knowledge. Show all posts

ဗိုလ်ချုပ်မွေးနေ့ လား.....ချစ်သူများနေ့ လား

0



ချစ်သူများနေ့တဲ့လား PDF Print E-mail
ဒီနေ့ . . .
ဖေဖော်ဝါရီ ၁၄ ရက်
''ချစ်သူများနေ့''တဲ့လား
ညီမလေးရေ . . .
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ
ချောကလက်လေးတွေ၊
. . .တွေ၊ . . .တွေ
ဟိုက သည်က
အများကြီး အများကြီး
မင်းရနေသလား
လူငယ်တွေလဲ အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေလဲ ဗရုတ်ဘယက်၊
အော် . . .
တကယ်တော့ . . .
ဒီနေ့ဟာ . . .
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ . . .
'ကလောဒီယမ်စ်'ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီ
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentiuns ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ . . .
နှိပ်စက်ပြီး ခေါင်းဖြတ်ခံရတဲ့နေ့ပါ . . .
သူတို့ဟာ သူတို့
ဂုဏ်ပြုရင်ပြုပါစေ . . .
တို့တွေနဲ့အဝေးကြီးပါကွယ် . . .

ညီမလေးရယ်

တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က . . .
ဖေဖော်ဝါရီလ ၁၃ ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၅ နှစ်ကာလက
နွေအကူး . . .
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ . . .
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ . . .
'ထိန်လင်း'ဆိုတဲ့
ကလေးငယ်ကလေး
ဟိုး အညာက နတ်မောက်မြို့မှာ
မွေးဖွားခဲ့တယ်
သူက . . .
စာပေကို ချစ်တယ်
အမှန်တရားကို ချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး . . .
တို့တိုင်းပြည်ကိုချစ်သတဲ့

ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ . . .

နောက်ဆုံး . . .
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ . . .
ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ . . .
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်။


'ဖေဖော်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
ထထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား။
မိခင်ဒေါ်စု သား . . .'
ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး . . .
အခုတော့ ဘယ်မှာလဲ

ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာ သူတို့ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့'ဆိုတာထက်
အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ
တို့တွေအတွက်
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပါယ်ရှိပါတယ်ကွယ် . . .
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် . . .

(Forward Mail များမှတစ်ဆင့် ပျံ့ နှံ့ နေသော ကဗျာတစ်ပုဒ်အား ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်။)



PHP programing Language အကြောင်း

0

PHP ဆိုတာဘာလဲဆိုတာပြော ပြပေးပါ။

PHP ဆိုတာ Website ရေးတဲ့ language တစ်ခုပါ။ သူ့ရဲ့ အရှည် ကတော့ Hypertext Preprocesson လို့ခေါ်ပါတယ်။ Dynamic Webpages တွေကို တည်ဆောက်ဖို့အတွက် HTML Language embedded လုပ်ထား တဲ့ Server Side Programming ပါ။ ၎င်းရှဲ့Syntax များမှာ C,Java နဲ့ Perl တို့ကို Reference လုပ်ထားပြီး ပိုမိုကောင်းမွန်စေရန် အတွက် PHP syntax များဖြင့် ထပ်မံအားဖြည့်ထားပါတယ်။ PHP Language ရဲ့ Goal ဟာ Dynamic Generated Web Pages များကို တည်ဆောက်တဲ့အခါ Web developers များလွယ်ကူလျင်မြန် စွာ ရေးသားနိုင်ဖို့အတွက်ပါ။ ပြီး တော့ PHP Programming ဟာ Open Source ဖြစ်ပါတယ်။

Dynamic Web pages ဆိုတာ ဘာကိုဆိုလိုတာပါလဲ။

Dynamic Web pages အ ကြောင်းမပြောခင် ပထမဆုံးအနေ နှဲ့Static web page အကြောင်း ပြောချင်ပါတယ်။ Static Web page ဆိုတာက မိမိတင်ထားတဲ့ web page မှာ သတင်းအချက်အလက်တွေ ပြောင်းလဲချင်တိုင်း web page 1 page ပြန်ဆောက်ရပါတယ်။

Dynamic web page မှာတော့ မိမိတင်ထားတဲ့ သတင်းအချက် အလက်တွေပြောင်းလဲရုံနဲ့ ပဲ မိမိတင်ထားတဲ့ website ပေါ်က သတင်းအချက်အလက်တွေကို အလွယ်တကူပြောင်းလဲနိုင်မှာပါ။ှ

Sever Side Programming ဆိုတာဘာကို ရည်ညွှန်းတာလဲ။

Open Source Developer တွေ သုံးဖို့အတွက် Source code တွေကို ရနိုင်တဲ့ Program ကို ရည်ညွှန်းတာပါ။ Web ပေါ်မှာ ရေးတဲ့ Script Type နှစ်မျိုးရှိပါ တယ်။ အဲဒါတွေကတော့ Side Programming or Script နှင့် Client Side Programming or Script ပဲဖြစ်ပါတယ်။ ဥပမာ -Javascript & VB script လိုမျိုးပေါ့။ ဒါကတော့ Client Side Programming & Sever Side Programming ပါ။ Client Side Script ကို Static web page မှာ သုံးပြီး Dynamic Web page တွေနဲ့တွဲပြီးလည်းရေးလို့ရပါတယ်။ှSever Side Script ကိုတော့ Dynamic Web page မှာပဲ သုံးပါတယ်။ ဥပမာ Php,Asp,Asp.net,jps စသည်ဖြင့်ပေါ့။ အဲဒါကတော့ Sever Side Script တွေပါ။

PHP လေ့လာဖို့အတွက် ဘာတွေ သိထားသင့်သလဲ။

PHP ကိုလေ့လာဖို့ အတွက် အခြေခံအားဖြင့် HTML Syntax HTML Forms များအကြောင်းနဲ့ Programming အခြေခံတို့ရှိသင့်ပါတယ်။ HTML မသိသေးရင်တော့ HTML ကိုအရင်လေ့လာ သင့်ပါတယ်။ ပြီးတော့ CSS နဲ့ Java Script ကို သိရင်တော့ ပိုပြီး တော့ကောင်းပါတယ်။ Web ပေါ် က Website Nature တွေကိုပါ လေ့လာထားသင့်ပါတယ်။

PHP လေ့လာဖို့ အချိန် ဘယ်လောက်လိုပါသလဲ။

PHP ကို လေ့လာဖို့ အတွက် အချိန်ကတော့ အနည်းဆုံး ၃ လ နှင့်အထက်လိုပါမယ်။Professional တစ်ယောက်ဖြစ်ဖို့ဆိုရင် တော့ ဒီထက်မက လေ့လာဖို့ လိုပါ လိမ့်မယ်။

ဘာကြောင့် PHP ကို သုံးတာလဲ။

ကျွန်တော်တို့အနေနဲ့ Programming Language တစ်ခု ရွေးတော့မယ်ဆိုရင် Operating System,Web Server Software, Hardware for the Server,Database Management and Programming or Scripting ဒီအချက်တွေကို ထည့်စဉ်းစားရပါမယ်။ PHP ရဲ့ အားသာချက်တွေဖြစ်တဲ့ Great Performance, Compatible With Most Database Management Systems, Built-in Libraries With Many Common Tasks, Source Code Available, No Cost, Easy to learn Portability တွေကြောင့် PHP ကို အသုံးပြုရခြင်းဖြစ်ပါတယ်။


မှတ်ချက် ၊၊ အင်တာနက် ဂျာနယ်တစ်ခုမှကူးယူဖော်ပြသည်



myanmar chinlone

0
ကဲဗျာ...ဒီနေ့ ပျင်းတာနဲ့ youtube ထဲမှာ လျှောက်မွေရင်းနဲ့ မြန်မာ့ ရိုးရာ ခြင်းလုံး အလှအပတွေကို တွေ့လို့ သဘောကျတာနဲ့
ပို့စ်တင်လိုက်တာပါ....ကျွန်တော့်တို့ မြန်မာ့ ခြင်းလုံး...၀ိုင်းခြင်းလို့ ပြောရင် ပိုမှန်တာပေါ့ဗျာ....ဘယ်နိုင်ငံမှာမှ မရှိသေးတဲ့ ၀ိုင်းခြင်းအလှအပဟာ ဟိုးအရင် ကုန်းဘောင် ခေတ်လောက်ကတည်းက လူပျိုတွေ ညနေဆိုရင် လုံမပျိုတွေေ၇ခပ်ဆင်းတဲ့ နေညိုရီ
အချိန်မှာ ကျန်းမာေ၇းအရရော...ပျိုမေတို့ကို ပိုးချင်တဲ့ အနေနဲ့ရော....၀ိုင်းခြင်းခတ်ကြရာကနေ အခုနောက်ပိုင်း မြန့်မာ့ ခြင်းလုံးကို
အားကစားပြိုင်ပွဲ တစ်ခုအနေနဲ့ ယှဉ်ပြိုင်လာကြတာကို တွေ့ရပါတယ်...အမျိုးသားတွေသာမက ..အမျိုးသမီးတွေကပါ...ပါဝင်ပြီး ခြင်းအလှ
အပ ပြသခြင်းဟာ ဘယ်နိုင်ငံမှာမှ မရှိသေးတဲ့ မြန်မာတို့ ရဲ့အဖိုးတန်တဲ့ အမွေအနှစ်တစ်ခု ဆို၇င်လည်း မမှားဘူးပေါ့ဗျာ....အခုကျွန်တော်တင် ပေးထားတဲ့ ဗွီဒီယိုလေးဟာ ကြည့်ရတာ အကောင်ဆုံးဖြစ်လို့ အများကြီး ရှိတဲ့အထဲကေ၇ွးပြီး တင်ပေးလိုက်ပါတယ်....ကျေးဇူးပါဗျာ....



tatinkyaut fastival

0


သီ တင်းကျွတ်အခါသမယနေ့မှာ ဘလော့ဂါသူငယ်ချင်းများ နှင့် လာရောက်လည်ပတ်သူအပေါင်း ကိုယ်စိတ်
နှစ်ဖြာကျန်းမာ ချမ်းသာစွာနှင့် ကုသိုလ်တရား ပွားများနိုင်ကြပါစေခင်ဗျာ.......

အသိပေးခြင်း

0
ကျွန်တော် အခု linux ကိုလေ့လာနေ ပါတယ်.. ပို့စ် တွေကိုတော့ အချိန် ရတဲ့အချိန် လေးမှာ တင်ပေးပါ့
မယ် ..ဒါပေမယ့် ပို့စ် တင်တာတော့ နဲနဲ ပါးသွားလိမ့်မယ် ဗျာ.. အဟဲ နားလည်ပေးမယ်လို့ ထင်ပါတယ်..
အမြဲတမ်း တော့ လေ့လာနေတာ ဘယ်ဟုတ်ပါ့မလဲ ဗျာ..ဘားမှလည်း မသိပါဘူး... မေးမြန်း သင် ယူနေတုန်း ပါပဲ
..ပညာ ရှာနေဆဲပါ.. linux ကိုစိတ်ဝင် စားတယ်ဆို ရင် နောက်တခါ ကျွန်တော် သိတဲ့ ပညာလေး မျှဝေပေးပါ့မယ်... အားလုံးကို လေးစားပါတယ်....

singapore သွားမယ်ဆိုလျှင်

0
ဗဟုသုတပေးတဲ့ ၀က်ဆိုက်လေးတွေကနေ ရရှိခဲ့တဲ့ ဗဟုသုတလေးကို ပြန်လည် ဝေမျှပေးတာဖြစ်ပါတယ်..ကျွန်တော် စင်ကာပူလည်း မရောက်ဖူးပါဘူး..ဘယ်လိုသွားရတယ် ဆိုတာလည်း မသိပါဘူး...ဒါပေမယ့် စင်ကာပူ သွားမယ့် သူငယ်ချင်း ညီအကိုမောင်နှမ များသိရှိစေရန်..ဘာတွေလေ့လာ ရမယ်။ ဘာတွေ ကြိုပြီး သင်တန်းတက်သွားရမယ်ဆိုတာတွေ ကိုသိအောင် ဝေါ့ဖိုင်လေး နဲ့ သိမ်းထားတာလေးကို ပြန်လည် ၇ှယ်ယာပေးတာပါ...အောက်မှာ zip ဖိုင်လေးကို ဒေါင်းလုပ် ချပြီး ဖွင့်လိုက်ပါ
အပိုင်းတစ် နဲ့ နှစ်ကို ခွဲပြီး ထည့်ပေးထားပါတယ်...ဖတ်ကြည့်ပါ..သင့်အတွက် အကျိုးရှိမယ်လို့ ထင်ပါတယ်..သင်မသိသင့်ဘူးဆိုခဲ့
လျှင်လည်း သင့်သူငယ်ချင်းတွေ ကိုပြန်လည်ဝေမျှပေး လျှင်လည်း ကျွန်တော်ဝမ်းသာပီတိဖြစ်မိမှာ ဧကန်မလွဲပါ...အောက်မှာ ဒေါင်းလိုက်ပါတော့ သူငယ်ချင်းရေ....

ဒေါင်းလုပ်

download

phone free call

0
ဒီနေ့သူငယ်ချင်းတစ်ယောက်က ဆော့ဝဲတစ်ခု ပို့လိုက်တယ်..ဖုန်း ဖရီးရတဲ့ဆိုက်လေးပါ...လုပ်ဆောင်ပုံက အောက်ကအတိုင်းပါပဲ..ဆော့ဝဲကိုတော့ အဲဒီဆိုက်မှာပဲ သွားပြီးဒေါင်းလုပ်ချလိုက်တာပိုအဆင်ပြေပါတယ်..နိုင်ငံတော်တော်များများ
ရပါတယ်...ဆော်၇ှိတဲ့သူငယ်ချင်းတွေအတွက်အဆင်ပြေတာပေါ့ဗျာ...တနေ့ကို ၆ မိနစ်ပုံမှန်ဆက်လို့ရပါတယ်..ဖောက်ပြီးသားလေး
တော့ မှတ်ထားဖို့လိုပါတယ်...အောက်ကအတိုင်းလုပ်လိုက်ပါ...

မြန်မာ မာတီရပ်ဝန်း အသုံးပြုနည်းများ***
Add as Friend View Discussions
http://www.tuitalk.com ပါ။ အကောင့်တစ်ခုလုပ်ထားရင် တစ်နေ့ကို ၆ မိနစ် ခေါ်လို့ရပါတယ်။ totally free ပါ။ တကယ်လို့ အကောင့် ၅ ခုလောက်လုပ်ထားမယ်ဆိုရင် တစ်နေ့ကို နာရီဝက် ပြောလို့ရမှာပါ။ နိုင်ငံပေါင်းက ၄၀ ပါ။ သူက ကုမ္ပဏီတွေကနေ sponser ပေးတာပါ။ ဖုန်းခေါ်လိုက်ရင် ခေါ်မပေးခင်
စက္ကန့် ၂၀လောက် ကြော်ငြာလာပါတယ်ပီးရင် ခေါ်ပေးပါတယ်။ ကျွန်တော်ခေါ်ကြည့်တာတော့ အသံလဲတော်တော်ကြည်ပါတယ်။

လုပ်ပုံလုပ်နည်းကတော့ အရင် Join ကိုသွားပါ။ အဲဒီမှာလိုအပ်တာတွေဖြည့်ပါ။ ပြိးရင် submitလုပ်ပါ။ ပြီးရင် tuitalkerကိုဒေါင်း ပြီး install လုပ်ပါ။ အီးမေးကိုသွားပြီး Activate လုပ်ပါ။
အဲဒီမှာ password ပေးဖို့ပေါ်လာပါလိမ့်မယ် password ပေးပါ။ ပြီးရင် myprofile ကိုသွားပြီး extended profile လုပ်ပါ မလုပ်ရင် ၃မိနစ်ပဲရပါတယ်။ အဲဒါလုပ်ပြီးရင် tuitalker မှာ
sign in ၀င်ပြီး ခေါ်လို့ရပါပြီ။