Twitter
RSS

အခြေခံတရား စာအုပ်

0
ကျွန်တော်လည်း ဒီစာအုပ်ကို ဖတ်ပြီးမှ တော်တော်သဘောကျသွားတယ်...ထုပ်ဝေတဲ့လူကိုလည်းအ၇မ်း ကျေးဇူးတင်တယ်...
သာဓု ၃ ကြိမ်ခေါ်ပါတယ်ဗျာ..ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဒဘာသာကိုသာ ကိုးကွယ်နေတာ...အခြေခံ သိမှတ်စရာလေးတွေကို
မသိတာများပါတယ်...တချို့ဆို ဘားဆိုဘားမှကိုမသိပါဘူး...ဒီစာအုပ်လေးဖတ်ပြီးတော်တော်ကိုနားလည်သွားတယ်...ဘုရားရှိခိုး
နေရုံနဲ့ ဘားမှမသိပါဘူး....ကျွန်တော့်အတွေ့ အကြုံအရ ပြောမယ်ဆို၇င် တရားနာပါ...စာအုပ်တွေဖတ်ပါ...မသိရင်မေးမြန်းပါ
ဒီစာအုပ်လေးကိုအောက်မှာ ဒေါင်းလုပ်ချဖို့လည်းလုပ်ပေးထားပါတယ်.ဖတ်လို့ရအောင်လည်းလုပ်ပေးထားပါတယ်...စာအုပ်ကိုစကန်
ဖတ်ပြီးတင်ပေးထားတာပါ..လိုအပ်တာများရှိ၇င် ခွင့်လွတ်နားလည်ပေးပါလို့ ပြောပါရစေ.......


File 0001
-------------------------------------------------------------------------------------
File 0002
------------------------------------------------------------------------------------
File 0003
-----------------------------------------------------------------------------------
ဒေါင်းလုပ်ချရန် ( ifile.it)

အကောင်းဆုံး Install လုပ်နည်း

0
ဝက်ဆိုက်လင့်လေး ကို အောက်မှာ ဖော်ပြထားပါတယ်....ပုံလေးပါဖော်ပြထားပါတယ်...






အင်တာနက်ချိတ်ပြီးတာ
နဲ့ အဲဒီဆိုဒ်လေးကို ၀င်လိုက်ပါ...ပြီးရင် မိမိစက်ထဲ ထည့်ချင်တဲ့ ဆော့်ဝဲအမျိုးအစားတွေ ကိုလိုက်ပြီး ကလစ်ပေး
လိုက်ပါ...ပြီးရင် အောက်က get installer ဆိုတာကို နှိပ်လိုက်ပါ....EXE ဖိုင်ကို သူကပေးပါလိမ့်မယ်...ပြီးရင်
အဲဒီဖိုင်ကို ဒေါင်းလုပ်ချပြီး အင်စတောလုပ်လိုက်ပါ...ခုနက သင် ကလစ်ပေးလိုက်တဲ့ဆော့လ်ဝဲတွေအားလုံးကို
အင်စတော လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်...ဘယ်လောက်မိုက်လဲ ဒီခေတ်ကြီးက နောက်ဆို ကွန်ပျူတာကို ဘယ်
လိုများ ခိုင်းစားကြအုန်းမလဲမသိဘူးနော်....အင်တာနက် သုံးရတဲ့ ဘ၀က ဘားဆိုဘားမှကိုမလိုတော့ဘူးနော်...
ပြည့်စုံလိုက်တာဗျာ..အဲဒီ ၀က်ဆိုက် လုပ်ပေးတဲ့လူကို လည်း တကယ်ကို ကျေးဇူးတင်တယ်ဗျာ...လေးစားဖို့လည်း
ကောင်းတယ်...တခါးမှ အဲလို မတွေးမိဘူး....၀က်ဆိုက် ကတော့ ဒီဝက်ဆိုက်လေးပါ...>>> http://ninite.com/

C++ ( မြန်မာ )

0
သူငယ်ချင်းတစ်ယောက်က C ++ စာအုပ်လေး မြန်မာလို ရှိရင်ပေးပါဆိုလို့ တစ်ခြားသူငယ်ချင်းတွေလည်း သုံးရအောင်တင်ပေးလိုက်ပါတယ်.... တင်ပေးထားတဲ့ upload ဆိုက်မှာ အကောင့်မဖောက်ပဲ ဖ၇ီးတင်ထားတာ
ဆိုတော့ ကြာကြာတော့ရမှာမဟုတ်ဘူး လိုတယ်ဆိုရင် မြန်မြန်လေး ဒေါင်လုပ်ချထားလိုက်ပါ......

ဒေါင်းလုပ် ( စာအုပ် )

ဝင်းဒိုး 7 လား ...ပျင်းတာပေါ့ဗျာ

0
အပေါ်ကခေါင်းစဉ်ကိုမြန်မာလိုရေးထားတာကတော့....သိတယ်မဟုတ်လား....မိုက်ကရိုဆော့ပါးပါးတို့ကတရား
ဝင် မဟုတ်ရင် ဖမ်းကြတယ်လေ....သားလည်း နဲနဲ တော့ကြောက်တာပေါ့...အစကတော့ မတင်တော့ဘူးလို့ ဆုံးဖြတ်ထားတာပဲ...ဒါပေမယ့် ပြသ၁နာ တွေ က window 7 နဲ့ ပတ်သက်ပြီးတခုပြီးတခုဖြစ်ကြတယ်...လာလာ
ပြောတဲ့ သူငယ်ချင်းတွေကလည်း များလာတော့ သိတယ်မဟုတ်လား...တတ်သည့် ပညာမနေသာတော့ဘူးလေ
( :P :D) ဟဲဟဲ...လေများနေတာများသွားပြီ...အောက်မှာ လက်ရှိဖြစ်နေတဲ့အခက်အခဲလေးတွေကိုသိသလောက်
တင်ပြပေးလိုက်ပါတယ်....တခုတော့ရှိတယ်နော်.....အပြည့်အ၀တော့ အာမ မခံဘူး...ဒါပေမယ့်အခုတင်ထားပေး
တဲ့ကီးတွေက တော့ ကျွန်တော့်သူငယ်ချင်းတွေ စက်တွေမှာကျွန်တော်လိုက်လုပ်ပေးဖူးပါတယ်.....လက်တွေ့မြင်
ဖူး ပြီး လက်တွေ့ လုပ်ခဲ့ဖူးပါတယ်.....သူငယ်ချင်းတို့ ရဲ့ စက်နဲ့ အဆင်ပြေသွားရင် တော့ အားလုံးအဆင်ပြေသွား
တာပဲ...တချို့  စက်တွေ တော့ မရတာမျိုးရှိပါတယ်... အနည်းကျဉ်းပေါ့....တခုတော့ ပြောလိုက်မယ်...

( ဘားပဲ လုပ်လုပ် တရား ၀င်မဟုတ်ပဲ ကော်ပီ ( ၀ါ ) ခိုးကူး ပြီးသုံးရတာ ပိုအရသာရှိတယ်သူငယ်ချင်း...မယုံမရှိ
နဲ့ နော် ...သုံးကြည့် တကယ်ပြောတာ..ကျွန်တော်ကတော့ ဘယ်ဟာမှကို ၀ယ်မသုံးဘူး.....အဟိ......)

၁ = အောက်မှာ ပေးထားတဲ့ ဒေါင်းလုပ် ဇစ် ဖိုင်ကတော့ ၀င်းဒိုး 7 version အမျိုး မျိုးထဲက RTM ဗားရှင်း အ
တွက်ပါ ...ကိုယ်သုံးတဲ့ ဗားရှင်းကို သိချင်ရင် run ထဲမှာ winver ကို ရိုက်လိုက်...အဲဒီမှာ microsoft software
license terms ဆိုတာကို နှိပ်လိုက်...ဘောက်တခု ပွင့်လာမယ်..အောက်ဆုံးကို ဆွဲချ အောက်ဆုံး နောက်ဆုံး
စာကြောင်းလေးမှာ ဗားရှင်းနာမည်ရှိပါတယ်...ဥပမာ.. win7 _ RM _ ...... စသည် ဖြင့် ရေးထားပါတယ်....
အောက်မှာ သူ့ အတွက် ဒေါင်းလုပ် ချ ပြီး အသုံးပြုနိုင်ပါတယ်...

ဒေါင်းလုပ် ( for RTM 7 )

၂ = အောက်က ဖိုင်ကတော့ OEM ဗားရှင်း အတွက် ပါ...ဒီဟာကော အပေါ်က ဟာကော professional တွေ
ပဲနော်....အောက်မှာ ဒေါင်းလိုက်ပါ...( မှတ်ချက် ။။ဒီကောင်က ဘယ်ဗားရှင်းမဆို စမ်း ကြည့်လို့ ရပါတယ်...လက်ပ်တော့ အမျိုးအစား တော်တော် များများမှာလည်း ရပါတယ်ခင်ဗျာ....)ဒီကောင်ကို သုံးရင်
လက်ပ်တော့အမျိုးအစားရွေးပေးရပါတယ်...

ဒေါင်းလုပ် ( for OEM 7 ,, 7 loader )

၃ = အောက်က ဟာကတော့ ဘယ် ဗားရှင်း ဖြစ်ဖြစ် ...ဘယ်လက်ပ်တော့ ဖြစ်ဖြစ် အပေါ်က ၂ ခု လုံး နဲ့ လည်း
အဆင်မပြေဘူး.ပြီးတော့activateကီးတွေလည်းမ၇ဘူးဆိုရင်တော့ဒီကောင်ကိုသုံးကြည့်လိုက်တော့းးဒီကောင်ကို
သုံးရင်လည်းလက်ပ်တော့နာမည်ကိုရွေးပေးရပါတယ်..ေ၇ွးခိုင်းတဲ့နေရာ ၂ခုပါပါတယ်...

ဒေါင်းလုပ် ( name = open activator )

၎ = ကဲ နောက်ဆုံး ဒီဟာလေးကတော့ task bar ထောင့်မှာ geniuse တက်လာပြီး screen က အမည်းရောင်
ဖြစ်သွားပြီဆိုရင်တော့ အပေါ် ကဟာတွေ နဲ့ အရင် စမ်းပါ ...အပေါ် ကဟာတွေ နဲ့ စမ်းလို့ မရဘူးဆိုမှာ နောက်
ဆုံးဒီဟာလေးကိုအသုံးပြုပါ....တခုခုလုပ်ရင်ဖြစ်ချင်တဲစိတ်ကိုလောပြီးမလုပ်ပါနဲ့အေးဆေးစဉ်းစားပြီးလုပ်သင့်တာကိုစဉ်းစားပြီးမှ အေးဆေးလုပ်ပါ....

ဒေါင်းလုပ် ( for activate key need)


ကျွန်တော် ပေးထားတာတွေ နဲ့ တခု မှ အဆင်မပြေရင်တော့ ထုံးစံ အတိုင်း ဂိုဂယ်မှာသာ ထပ်ရိုက်ပြီး ထပ်ပြီး
တော့သာ ရှာကြပါတော့လို့ ပြောလိုပါတယ်....ပြောသာ ပြောရတာ ဂိုဂယ်က လည်း မိုက်ကရိုဆော့်ကပဲ လုပ်တာ
နော်....ဟင်းဟင်း....နောက်ဆုံးမရ ရင်တော့လည်းဘာဖြစ်လဲဗျာ.....xp service pack 2 တခုံးလုံးရှိသေးတာပဲ
ဟုတ်ဘူးလား......ကဲ ဒါပဲ ..အားလုံးအဆင်ပြေကြပါစေဗျာ.....



Google's Buzz အကြောင်း

0


Google ကုမ္ပဏီရဲ့ Web mail ၀န်ဆောင်မှုဖြစ်တဲ့ Gmail တွင် နာမည်ကျော်
social networking ဆိုက်များဖြစ်တဲ့ Twitter နဲ့ Facebook ကဲ့သို့ social-networking
လုပ်ဆောင်နိုင်စွမ်းများကို ထည့်သွင်းပေးထားတဲ့ Google Buzz ကို
လွှင့်တင်လိုက်ကြောင်း သိရပါတယ်။

Google ဟာ Facebook နဲ့ Twitter ကဲ့သို့ status update များဝေမျှခြင်း၊ ဓာတ်ပုံနဲ့
ဗီဒီယိုများဝေမျှခြင်း စတဲ့ ၀န်ဆောင်မှုတို့ကို ပြုလုပ်နိုင်စေရန်အတွက် Google Buzz
ကိုပြုလုပ်ခြင်းဖြစ်ပြီး အချိန်တိုတွင်း Gmail အသုံးပြုသူအားလုံး အသုံးပြုနိုင်စေရန်
စီစဉ်လျက်ရှိတယ်လို့ ဆိုပါတယ်။ Google Buzz တွင် ဓာတ်ပုံများကိုဝေမျှခြင်း၊
status update များကိုဝေမျှခြင်းအပြင် Twitter, Picasa, Flickr, Google Reader
စတဲ့ ၀က်ဘ်ဆိုက်များနဲ့လည်း ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ Update များကို အချိန်နဲ့တစ်ပြေးညီသိရှိနိုင်မှာဖြစ်သလို မိုဘိုင်းဖုန်းအတွင်းတွင်လည်း ထည့်သွင်း
အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ယခုလို Google မှ Gmail အတွင်း
social-networking လုပ်ဆောင်နိုင်စွမ်းများကို ထည့်သွင်းခြင်းဟာ
မကြာမီကပြုလုပ်ခဲ့တဲ့ Google Wave နဲ့သက်ဆိုင်မှုမရှိဘူးလို့ဆိုပါတယ်။
Google ဟာ social-networking ဆိုက်အဖြစ် Orkut ကို လွှင့်တင်ထားပေမယ့်လည်း
၎င်းင်းဟာ နိုင်ငံအချို့တွင်မှာ သာတွင်တွင်ကျယ်ကျယ်အသုံးပြု ကြပြီး Facebook နဲ့
နှိုင်းယှဉ်လျှင် များစွာကွာခြားလျက်ရှိကြောင်း သုံးသပ်သူအချို့က ဝေဖန်ပြောကြား
ခဲ့ပါတယ်။


နောက်တော့ .......
သူငယ်ချင်း တစ်ယောက်ဆီက အခုလိုလေးး Fwd Mail တစ်စောင်ဝင်လာတယ်..
ဖတ်ကြည့်လိုက်ကြပါဦးး Google Buzz နဲ့ ပတ်သတ်ပြီးးရှောင်ဖို့ တွေပေါ့ .




Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။
အဓိကကတော့ privacy လုံးဝကို မလုံခြုံတော့ဘူး။
Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို
သူတို့ တိတ်တိတ်လေးနဲ့ ပြင်နေတာ အများကြီးပဲ။
Buzz ထဲမှာ ကျွန်တော့်ကို follow လုပ်ဖို့ ကျွန်တော့်ကို ခွင့်တောင်းစရာမလိုဘူး။
follow လုပ်ပြီးတာနဲ့ ကျွန်တော် တင်သမျှ Buzz messages တွေအကုန် ဖတ်လို့ရ
သွားပြီ။ ကျွန်တော် မတင်ဘဲနဲ့လဲအခြား Google က services တွေမှာ ကျွန်တော်
လုပ်သမျှ Buzz မှာ update လုပ်နေတယ်။ ဥပမာ Google Reader မှာ တစ်ခုခု
share တာမျိုးကိုအကုန်ကြည့်လို့ ရနေတယ်။ နောက် Gtalk Status message
ကိုလဲ update လုပ်တယ်။

Google Profile မှာ ကိုယ့်ဖြည့်ထားသလောက် information ကလဲ လူတိုင်း
ကြည့်လို့ရနေပြီ။ အရင်က profile ကို hide လုပ်ထားလို့ရတယ်။
အခု Buzz ထွက်လာတော့ profile က ကျွန်တော့် message က နာမည်ကို
နှိပ်လိုက်တာနဲ့တန်းပြီး ကြည့်ရုံပဲ ဖုန်းနံပါတ်တွေ Geolocation တွေများ ထည့်ထားသေးရင်ဘယ်နားရောက်နေတယ် ဆိုတာပါသိရမယ်။

အရမ်းကြောက်ဖို့ ကောင်းတယ် နောက် Google ကlive Search လိုမျိုး
လုပ်ပြီး လူတိုင်း messages တွေကို ဝင်ရှာနိုင်တဲ့service မျိုးလုပ်နိုင်သေး
တယ်။ မိုဘိုင်းဖုန်းကနေ Nearby Search အခုလုပ်လိုက်ရင် Buzz ကို
မိုဘိုင်းဖုန်းသုံးနေတဲ့ သူတွေ(မြန်မာနိုင်ငံသားတွေ) အကုန်ရှာလို့
ရနေတယ်။

တော်တော်လေးလန့်သွားတယ် ကျွန်တော်က VIP ပုဂ္ဂိုလ်လဲမဟုတ်ဘူး
ကိုယ့်အကြောင်းကို ဖုံးထားမှ ဖြစ်မယ့် လူမျိုးလဲ မဟုတ်ဘူး။ ဒါပေမယ့်
ကျွန်တော့် အကြောင်းကို web ပေါ်မှာ အကုန်ကြည့်လို့ ရနေတာကိုတော့
တော်တော်လေးလန့်သွားတယ်။ လောလောဆယ် Buzz ထဲမှာ Mashable
လိုမျိုးကို followလုပ်လို့ရတယ်။ သူတို့ ဘာတွေ အသစ်တင်လဲဖတ်လို့ရတယ်
comment ဝင်ရေးလိုက်ပြီဆိုပါစို့ အဲဒီ comment မှာပါတဲ့ ကျွန်တော့် နာမည်
profileကနေ email ဖြည့်ထားရင် spam mail ပို့လို့ရပြီ။ Geolocation နဲ့ Buzz ကို
update လုပ်ထားရင် ကျွန်တော်ရှိတဲ့ နိုင်ငံကို လိုက်ပြီး location based
Spam ကြော်ငြာတွေ ပို့လို့ရပြီ။ ပြောလို့မရဘူး contact မှာပါတဲ့
ဖုန်းနံပါတ်တွေကို mobile ဖုန်း ကြေငြာလုပ်တဲ့ သူတွေ location based နဲ့
လိုက်ရှာပြီး SMS ကြော်ငြာတွေ ပို့လို့ ရနေမယ်။ အနည်းဆုံး SMS နဲ့
မင်းထီပေါက်ပါတယ် ဆိုပြီး လာတဲ့ အချိန် ထီထိုးထားမိရင် ကျွန်တော်သာဆို
ယုံမိတော့မှာပဲ။

Google Buzz က အမှန်တော့ Twitter + FaceBook’s Like + Geolocation
ပေါင်းထားတာပဲ။ Google က အချိန်တို အတွင်းမှာ သူ့ရဲ့ Social Networking ဆိုဒ်ကို အကြီးကြီးဖြစ်လာချင်တော့ အတင်း force လုပ်ပြီး ကျွန်တော် ဘာမှမသိလိုက်ရပဲ
ကျွန်တော့် Gtalk list ထဲက သူတွေကို follow လုပ်ထားပြီးသားဖြစ်နေတာ တွေ့ရတယ်။ မလုပ်ရသေးတဲ့သူများဆိုလဲ Recommanded ဆိုပြီး လာပြနေသေးတယ်။

Spammer တွေအတွက် အကောင်းဆုံး ဂွင်တစ်ခုလိုဖြစ်နေပြီ
Bot များရေးထားပြီး crawl လုပ်လိုက်ရင် Buzz ကနေ နာရီဝက်လောက် အတွင်းမှာ
email contact ပေါင်းသိန်းချီရနိုင်တယ်။ ပြီးရင် အဲဒီကောင်တွေ ကို business
တွေဆီ ဒေါ်လာ ရာဂဏန်းလောက်နဲ့ ရောင်းစား ပိုက်ဆံရှာလို့ရတယ်။
ထွက်တာ ၂ ရက်ပဲရှိသေးတဲ့ Buzz ရဲ့Privacy သတင်းကတော့ web ပေါ်မှာ
တော်တော်လေးပြန့်နေတယ်။ အခု ကျွန်တော်ရေးထားတာတောင် personal
အမြင်ပဲ ရှိသေးတယ် security professional တွေရဲ့ articles တွေ အခုပဲ
“Google BuzzPrivacy” ဆိုပြီး ရှာလိုက်တာတောင် result 66,300,000
အဲဒီလောက်ထွက်နေပြီ။ ကျွမ်းကျင်တဲ့သူတွေ ရေးထားတာကို ရှာဖတ်ကြည့်လေ
Buzz ကကြောက်စရာကောင်းလာလာလေလေ ဖြစ်လာတာနဲ့ ကျွန်တော်ကတော့
Buzz ကိုလုံးဝပိတ်လိုက်ပြီ။ ပိတ်ချင်ရင် Gmail အောက်ဆုံးမှာ turn off buzz ဆိုပြီး
ရှိပါတယ်။ အဲဒီကနေ ပိတ်လို့ရပါတယ်။ ကျွန်တော်ကတော့ Buzz သုံးလိုက်
ကတည်းကonline privacy နဲ့ပက်သက်ပြီး shock ရသွားတယ် ပထမဆုံးဘဲ။
Google လိုမျိုးကသူ့ product အောင်မြင်ဖို့ဆို ကျွန်တော်တို့ privacy ကို ချနင်းဖို့
ဝန်လေးပုံ မရဘူး။ :(

မှတ်ချက် ။ ။ ။ ကိုဇော်ဖြိုးဝေ ဘလော့မှ ကူးယူဖော်ပြပါသည်.....


ဗိုလ်ချုပ်မွေးနေ့ လား.....ချစ်သူများနေ့ လား

0



ချစ်သူများနေ့တဲ့လား PDF Print E-mail
ဒီနေ့ . . .
ဖေဖော်ဝါရီ ၁၄ ရက်
''ချစ်သူများနေ့''တဲ့လား
ညီမလေးရေ . . .
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ
ချောကလက်လေးတွေ၊
. . .တွေ၊ . . .တွေ
ဟိုက သည်က
အများကြီး အများကြီး
မင်းရနေသလား
လူငယ်တွေလဲ အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေလဲ ဗရုတ်ဘယက်၊
အော် . . .
တကယ်တော့ . . .
ဒီနေ့ဟာ . . .
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ . . .
'ကလောဒီယမ်စ်'ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီ
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentiuns ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ . . .
နှိပ်စက်ပြီး ခေါင်းဖြတ်ခံရတဲ့နေ့ပါ . . .
သူတို့ဟာ သူတို့
ဂုဏ်ပြုရင်ပြုပါစေ . . .
တို့တွေနဲ့အဝေးကြီးပါကွယ် . . .

ညီမလေးရယ်

တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က . . .
ဖေဖော်ဝါရီလ ၁၃ ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၅ နှစ်ကာလက
နွေအကူး . . .
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ . . .
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ . . .
'ထိန်လင်း'ဆိုတဲ့
ကလေးငယ်ကလေး
ဟိုး အညာက နတ်မောက်မြို့မှာ
မွေးဖွားခဲ့တယ်
သူက . . .
စာပေကို ချစ်တယ်
အမှန်တရားကို ချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး . . .
တို့တိုင်းပြည်ကိုချစ်သတဲ့

ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ . . .

နောက်ဆုံး . . .
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ . . .
ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ . . .
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်။


'ဖေဖော်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
ထထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား။
မိခင်ဒေါ်စု သား . . .'
ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး . . .
အခုတော့ ဘယ်မှာလဲ

ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာ သူတို့ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့'ဆိုတာထက်
အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ
တို့တွေအတွက်
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပါယ်ရှိပါတယ်ကွယ် . . .
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် . . .

(Forward Mail များမှတစ်ဆင့် ပျံ့ နှံ့ နေသော ကဗျာတစ်ပုဒ်အား ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်။)



လူဖြစ်ရခြင်း အဓိကရည်ရွယ်ချက်

0
ဆရာတော်အရှင်ဇ၀န ရေးသားထားသော စာအုပ်တစ်အုပ်ပါ...မည်သူမဆို ဖတ်သင့်တယ်ထင်လို့ ...ကျွန်တော်
ကိုယ်တိုင်လည်း အလွန် နှစ်ခြိုက်မိသောကြောင့် ဒီစာအုပ် လေးကိုမျှဝေလိုက်တာပါ..တစ်ချို့မေးလ်တွေထဲမှာ
လည်း ရှိကောင်းရှိနိုင်ပါတယ်...ပြန်လည်မျှဝေတာပါ.......အချိန်ပေးပြီးဖတ်နိုင်ကြပါစေ လို့ဆုတောင်းပါတယ်...

Human (Black Paper)

websites links

0
တေးဂီတဆိုင်ရာ website များ
1. http://beemp3.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
2. www.bamarlay.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
3. www.irazoo.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
4. www.myanmarmp3.net (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
5. www.ayinepan.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
6. http://music.all-channel.com ((မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်။ အခြားတင်ဆက်မှုများလည်းပါသည်)
7. www.alinyaung.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
8. www.flashband.net (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
9. www.myanmar-music.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
10. http://myanmarmp3album.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်။ အခြားတင်ဆက်မှုများလည်းပါသည်)
11. www.emusic.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
12. www.thewiplist.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
13. www.mp3raid.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
14. www.pansagar.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
15. www.airmp3.net (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
16. www.thanakha.com
17. www.innwa.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
18. www.nyakabyar.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
19. www.ayinepan.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
20. www.ainmat.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
21. www.lotaya.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
22. www.myanmarmusiconline.net (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
23. http://myanmarmp3.net
24. www.myanmarmp3.net (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)

အခမဲ့ရနိုင်သော E-mail များ

1. www.emailaccount.com (Domain များစွာကို စိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံးချ အခမဲ့ရသော mail ဖြစ်သည်)
2. www.gawab.com (Language များစွာကို စိတ်ကြိုက်ရနိုင်ပြီး လွယ်ကူစိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံး ချ အခမဲ့ရသော mail ဖြစ်သည်)
3. www.inbox.com (သုံးအားကောင်းပြီး လိုင်းဝင်ထွက်လွယ်ကူမြန်ဆန်ကာ 5GB ပေးထားသော free mail ၀န်ဆောင်မှုဖြစ်သည်)
4. www.hotmail.com (Microsoft မှ လွှင့်တင်ထားသော ၀န်ဆောင်မှုဖြစ်သည်)
5. www.mail.com (အလွန်ကောင်းမွန်သော ၀န်ဆောင်မှုများစွာကိုရရှိသုံးစွဲနိုင်သည်)
6. www.myway.com (အလှဆုံးသောပြင်ဆင်မှုများဖြင့် ရရှိနိုင်သော ၀န်ဆောင်မှု ဖြစ်သည်)
7. www.dora.com (၎င်းတွင်လည်း ပြင်ဆင်ပုံအလှတစ်မျိုးနှင့် မြင်တွေ့ရရှိနိုင်သည်)
8. http://mail.yahoo.com (အတန်အသင့် နာမည်ရှိသော yahoo mail ဖြစ်သည်)
9. www.eudora.com (နာမည်တော့ရှိပါတယ် မြန်မာပရိသတ်နည်းပါတယ်)
10. www.30gigs.net (အခမဲ့ 30GB ရရှိနိုင်သော မေးလ် ၀န်ဆောင်မှုဖြစ်သည်)



ကျွန်တော်တို့ မြန်မာပရိသတ်တွေဟာ တစ်ခုခုရှာမယ်ဆိုင်ရင် google ကိုပဲ သတိရမိကြပါတယ်။
ဒါပေမယ် အခြားရှာဖွေရေးအင်ဂျင်အသစ်တွေပေါ်နေတယ်ဆိုတာကို အချို့က မသိကြပါဘူး။ တစ်ချို့ ရှာဖွေရေးအင်ဂျင်တွေဆိုရင် google လောက်နီးပါးကောင်းမွန်ပြီး၊ အချို့ဆိုရင် သာတယ်လို့တောင်ဆိုနိုင်လောက်အောင်ကောင်းတာတွေ့ရပါတယ်။အခု ရှာဖွေရေးအင်ဂျင်အသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်……
1. www.goodsearch.com
2. www.kumo.com
3. www.WolframAlpha.com
4. www.clusty.com
5. www.dogpile.com
6. www.bing.com
7. www.altavista.com
8. www.ask.com
9. www.lycos.com
10. www.webcrawler.com
11. www.cuil.com
12. www.yahoo.com
13. www.ixquick.com
14. www.msn.com
15. www.alltheweb.com
16. www.excite.com
စသည်တို့ပဲဖြစ်ပါတယ်
စမ်းသပ်သုံးစွဲကြည့်ကြပါလို့ အကြံပြုပါရစေ။

ကွန်ပျူတာပညာရပ်များ

1. www.thelinuxlab.net
www.lpi.org (Linux စနစ်ကိုလေ့လာနိုင်ရန်ဖြစ်သည်။ စာမေးပွဲများ အကြောင်းလည်ပါရှိသည်)
2. www.helpwithpcs.com (ကွန်ပျူတာသင်ခန်းစာများကို အမျိုးအစားစုံလင်စွာတွေ့ရသည်)
3. www.simplehelp.net (မိမိကွန်ပျူတာနဲ့ ပတ်သက်၍ ပြဿနာများရှိခဲ့လျှင် မေးမြန်းနိုင်သည်)
4. www.asia-oss.net (Open Source စနစ်ကိုလေ့လာသူများ မဖြစ်မနေ၀င်လေ့လာသင်သည်)
5. www.databasejournal.com (Database သီးသန့်စုစည်းထားသည်။ အလွယ်တကူသင်ယူနိုင်သည်)
6. www.wwpi.com (ကွန်ပျူတာပညာရပ်များအပြင်၊ Network ပညာများကိုလည်းသင်ယူနိုင်သည်)
7. www.fstutorials.com
www.psdfreebee.com (Photoshop နည်းပညာကို စလယ်ဆုံးလေ့ကျင့်ခန်းများစွာဖြင့် လေ့လာနိုင်သည်)
8. www.educational-software.com (ဆော့ဖ်ဝဲဘာသာရပ်များကို လေ့လာသင်ယူနိုင်သည်)
9. www.educationalsoftware.co.uk (ဆော့ဖ်ဝဲဘာသာရပ်များကို သင်ယူနိုင်သည်)
10. www.okino.com (ဂရပ်ဖစ်သုံးဆော့ဖ်ဝဲဘာသာရပ်များစွာကို လေ့လာနိုင်သည်)

စာပေ၊ နည်းပညာ၊ သတင်းနှင့် အသိပညာဆိုင်ရာ Web Site လိပ်စာများ
1. www.worldenglishinstitute.org (အင်္ဂလိပ်စာလေ့လာလိုသူများအတွက် TOEFL အထောက်အကူပြုစာစဉ်ရရှိနိုင်သည်)
2. www.shareme.com (ကွန်ပျူတာပညာရပ်များ၊ စီးပွားရေးပညာရပ်များအပါအ၀င် ဆော့ဖ်ဝဲလ်များအကြောင်းစုံလင်စွာရရှိနိုင်သည်)
3. www.learningpage.com (ဘာသာရပ်အတော်စုံပါသည်။ လူလတ်ပိုင်းများလေ့လာသင့်သည်)
4. www.myanmarnlp.org.mm ( အင်္ဂလိပ်မှ မြန်မာသို ဘာသာပြန်ဆိုနိုင်သည့် ဆော့ဖ်ဝဲလ်စမ်းသပ်ရန်အတွက် အခမဲ့ ရယူနိုင်သည်)
5. www.merriam-webster.com (အင်္ဂလိပ်စာလေ့လာသူများအတွက် အကောင်းဆုံးနေရာဖြစ်သည်)
6. www.commerce-database.com (စီးပွားရေးစကားအသုံးများကို လေ့လာနိုင်သော အဘိဓါန်ဖြစ်သည်)
7. www.computerweekly.com (နည်းပညာဆိုင်ရာ သတင်းစုံဖော်ပြထားသည်)
8. http://knowfree.net (စာအုပ်တော်တော်များများကို ဖတ်ရှုနိုင်၊ ကူးယူနိုင်သည်)
9. www.fixya.com ( အလွန်ကောင်းပါသည် အိမ်သုံးလျှပ်စစ် ပစ္စည်းများအတွက်ပြင်ဆင်နည်း၊ အသုံးပြုနည်းများ အတော်စုံလင်ပါသည်)
10. www.universalclass.com (အွန်လိုင်းပေါ်မှ အဝေးရောက်သင်ယူနိုင်သောတက္ကသိုလ်ဖြစ်သည်။ ရုပ်မြင်စနစ်ဖြင့် တိုက်ရိုက်သင်ယူနိုင်သည်)
11. www.houseofplant.co.uk (အိမ်တွင်းပန်းအလှဆင်နည်းပညာများအကြောင်းလေ့လာနိုင်သည်)

Wi - Fi connection in MIET

0
MIET school မှ မာစတာကျောင်းသားများအတွက် ဖော်ပြပေးတာပါ...ကျောင်းမှာ လက်ပ်တော့ကိုယူပြီးအ
သုံးပြု ရာတွင် WIFI ကိုအသုံးပြုမယ်ဆိုလျှင် အောက်ပါအတိုင်းချိတ်ဆက်အသုံးပြုလို့ရတယ်ဆိုတာကို အသိပေးတာပါ..ကျောင်း
ရောက်လို့ အင်တာနက်အသုံးပြုရင် ဒီတိုင်းသွားချိတ်လို့မရပါဘူး...ရူးကြောင်မူးကြောင်သွားမလုပ်ပါနဲ့ သယ်ရတာ ပင်ပန်းတာပဲရှိ
လိမ့်မယ်...အောက်ပါအတိုင်းလုပ်ပေးရင်အဆင်ပြေပါပြီ....ကျွန်တော်ကိုယ်တိုင် ပင်ပန်းခဲ့လို့ပါ..သေချာဖတ်ပြီးလုပ်ကြည့်ပါ...
မသုံးဘူးဆိုရင်တော့ ဘာပဲဖြစ်ဖြစ်သိထားတာကောင်းတာပေါ့ဗျာ...ကိုယ့်ကျောင်းမှာဘာတွေလုပ်လို့ရလဲဆိုတာတော့သိထားသင့်တာ
ပေါ့...အရေးကြီးရင်လည်း စာကြည့်တိုက်မှာ အင်တာနက်သုံးလို့ရပါတယ်...သိအောင်ပြောပြတာပါ...စာအတွက်ပြောတာပါ..
တစ်ခုခုလိုရင် စာကြည့်တိုက်ကိုဝင်..ပြီး၇င် မေးလ်ကနေ အဆောင်က သူငယ်ချင်းတစ်ယောက်ကို မေးလ်ထဲပို့ခိုင်းရင် အဆောင်ပြန်လာစရာ မလိုတော့ဘူးပေါ့...အားလုံး အတွက် ဗဟုသုတရအောင်ပြောပြတာပါ....


Wifi Connect in Miet