အင်း ဒီတခါတော့ မတင်လို့ မရတော့ဘူး...ကျွန်တော့်စက်ကို ၀င်းဒိုး ပြန်တင်ပြီး သုံးတဲ့ အခါ မှာ genuie microsoft
အစစ် မဖြစ်ဘူးဆိုတာကြီးက အောက်က ဘားမှာ လာပေါ်နေပါတယ်...ဒီကောင် ကြီးဖြစ်နေရင် ဆော့ဝဲတွေ..ဇာတ်ကားတွေ
ဒေါင်းလုပ် ချလို့လည်း မရဘူး..အဆင်မပြေဘူးဗျ....

နောက်ပြီး အဲတာကြီး ဖြစ်နေတာ တော်တော် ဆိုးတယ်ဗျ..ကြည့်ရတာ လည်းဆိုးတယ်.... error လည်း ခဏခဏ တက်တယ်...အဲလို ဖြစ်လာရင်microsoft window ကို ဂျီးနီးယပ် အစစ်လေးဖြစ်အောင် အောက်မှာနည်း လမ်းတွေ ပြောပြထားပါတယ် ဖြစ်လာရင် လုပ်ကြည့်ပေါ့....ပထမ ဦးဆုံး ဆော့ဝဲလေးကို အရင် ဒေါင်းလုပ်ချလိုက်
ပါ .....
ဒေါင်းလုပ် ( make genuine win xp)
.ပြီးရင် အောက်ပါ အတိုင်း လိုက်လုပ် လို့ ရပါပြီ.ပီးရင်ကြိုက်တဲ့နေရာမှာ ပြန်ဖြည်ချလိုက်ပါ။ အဲဒီဖိုလ်ဒါထဲမှာ ဖိုင်သုံးဖိုင်တွေ့ရပါမယ်။ အဲဒီထဲက Make Genuine.reg ဆိုတဲ့ registry ဖိုင်ကို double-click လုပ်ပါ။ တစ်ချို့စက်တွေမှာ registry file တွေကို တန်းဖွင့်လို့မရဘဲ error window တွေတက်လာတတ်တယ်။ အဲဒီအခါကျရင် Registry Editor ကိုဖွင့်ပြီး ကိုယ်ထည့်ချင်တဲ့ registry file ကို import လုပ်ပေးရပါမယ်။ ဒီလိုလုပ်ပါ။
- Start -> Run ကိုဖွင့်ပါ။ (Windows Key + R)
- regedit လို့ရိုက်ပြီး OK ပြောပါ။
- ပေါ်လာတဲ့ Registry Editor ၀င်းဒိုးမှာ File -> Import... အဆင့်ဆင့်သွားပါ။
- Import Registry File မှာ ကိုယ်ထည့်ချင်တဲ့ ဖိုင်ကိုရွေးပြီး Open ပြောပါ။ ဒါဆိုရင် ဖိုင်ထည့်လို့အောင်မြင်ကြောင်း box တစ်ခုတက်လာပါမယ်။ OK ပြောပါ။
ဒါဆိုရင်ကျနော်တို့ရဲ့ Windows ဟာ အစစ်အမှန်ဖြစ်သွားပါပြီ။ တကယ်ဖြစ်မဖြစ် Tool တစ်ခုနဲ့စစ်ကြည့်ရအောင်။ ခုနက ဖိုင်သုံးဖိုင်ထဲက Microsoft Genuine Advantage Diagnostic Tool ဆိုတဲ့ဖိုင်ကို run ပါ။ ခဏစောင့်ပြီးရင် ၀င်းဒိုးတစ်ခုတက်လာပါမယ်။ အဲဒီမှာ Genuine validation status မှာ Genuine ဆိုတဲ့ အစိမ်းရောင်စာသားကိုမြင်ရပါမယ်။ (တကယ်လို့ registry ဖိုင်ကို import မလုပ်ခင် ဒီ tool နဲ့စမ်းခဲ့ရင် validation status မှာ Invalid ဆိုပြီးအနီရောင်စာသားကို မြင်ရပါမယ်။) ကဲ... ခုချိန်ကစပြီး ၀င်းဒိုးစ်အပ်ဒိတ်တွေ၊ MS Genuine Software တွေကို ဒေါင်းလုတ်ချနိုင်ပါပြီ။Screenshots တွေကို ကြည့်လိုက်ပါဦး။

ကဲနောက်ဆုံးဗျာ....အခု အပေါ်မှာပြောတဲ့အတိုင်း မရဘူးဆိုရင် အဲဒီ ဟာကြီး ကိုမလုပ်ချင်ဘူး..အချိန်ကုန်တယ်...
ဆက်မလုပ် ချင်ဘူးဆို ရင် အောက်ကပေးထားတာ လေးကို ဒေါင်းလုပ်ချပြီး တော့သာ run ပေးလိုက်ပါ...
ဒေါင်းလုပ်(removewga12.rar)
ပြီးရင်ရီစတက်
restart ချပေးလိုက် ပြီးတော့ပြန်တက်လာရင် ကြည့်လိုက်ပါ အဲဒီဟာကြီး ပျောက်သွား တာကိုတွေ့၇ ပါလိမ့်မယ်...အဲ
တာကတော့ အလွယ်ဆုံးနည်း ပဲဗျို့ လုပ်ချင်သလို လုပ်..စိတ်ကြိုက်သာလုပ်...လိုတာရှိ ရင်လည်းပြောပြကြအုန်း..အခု
ကျွန်တော့် နည်းလမ်းတွေထက် လွယ်တာတွေ လည်းရှိပါသေးတယ်...ကျွန်တော် သိပ်နားမလည် လို့ မတင်တော့ပါဘူး..ကျေးဇူးဗျာ....
(မှတ်ချက်== နားလည်သလို ပြန်လည် ဖော်ပြပေးခြင်း ဖြစ်ပါတယ်...ကိုယ်ပိုင်ပို့စ် တခုတော့မဟုတ်ပါ)

Comments (0)
Post a Comment