RSS အကြောင်းကို ကျွန်တော်အခုမှသေချာ သိတာပါ..အိုင်တီမောင်မောင်
ဝက်ဆိုက်ကနေ ဖတ်ရတာပါ..ကိုအိုင်တီကိုလည်း အရမ်းကျေးဇူးတင်မိတယ်..ဒီပို့စ် လေးကိုလည်း ပြန်လည်တင်ပြ ခွင့်ပြုပါဗျာ.
မသိသေးသူများလည်း သိသွားအောင် ပြန်လည်တင်ပြပေးလိုက်ပါတယ်....ကိုအိုင်တီ ကိုဒီကနေပဲ ဂါရ၀ ပြုလိုက်ပါတယ်...
RSS ဆိုတာ Really Sample Syndication ပေါ့။ ၀ဘ်စာမျက်နှာတွေမှာ တစ်ခုနဲ့ တစ်ခု သတင်းတွေကို အလွယ်တကူ Link ချိတ်တဲ့ XML ဖိုင် တစ်မျိုးပါပဲ။ အားလုံး တစ်ညီတစ်ညာ သတ်မှတ်ထားတာက အဲဒီ XML မှာ Channel Tag ကို Document Root လို့ သတ်မှတ်ထားပြီး Tittle, Description, နဲ့ Link Tag တွေက မပါမနေရပေါ့။ ကျန်တဲ့ Language, PubDate, Generator စတဲ့ Tag တွေကတော့ မပါလည်းရ ပါလည်းရပေါ့။ အဲဒီတော့ RSS ရေးတဲ့သူတွေက RSS Writer တွေသုံးပြီး ကိုယ်ဝဘ်ဆိုက်က နေ့စဉ်သတင်းတွေရဲ့ Link တွေကို တခြားဝဘ်ဆိုက်တွေကို Share လုပ်ပေးထားတဲ့ သဘောပေါ့။ ကိုယ်က Web Master တစ်ယောက်မို့ ကိုယ့်ရဲ့ဆိုက်မှာ သူတို့ရဲ့ Update သတင်းတွေကို အမြဲဖတ်ချင်၊ ဖော်ပြထားချင်တယ်ဆိုရင် RSS Feeder တွေသုံးပြီး ပြန်ဖော်ပြတာပါပဲ။ RSS ဟာ XML နဲ့ Update အမြဲလုပ်နေတာမို့ ဟိုဘက်ဆိုက်က သတင်းတစ်ပုဒ် ပြောင်းတိုင်း ကိုယ်ဆိုက်မှာလည်း ပြောင်းနေတော့တာပေါ့။ အခု RSS က Version 2.0 ကို ရောက်နေပါပြီ။ ၀ဘ်ပရိုဂရမ်မာ လုပ်မယ့်သူဆိုရင်တော့ နည်းနည်း ဖတ်ကြည့်ထားသင့်တယ်၊..

Comments (0)
Post a Comment