ညီလေး ဇီဝက ကစီဘောက်မှာ လာမေးထားတာရှိပါတယ် နိုင်းဒေါ့ကွန်း(ning) ကို co.cc ပြောင်းမယ်
ဆိုရင် ဘယ်လိုပြောင်းရင် ရမလဲလို့မေးထား ပါတယ်... ကျွန်တော် သိရသလောက် ကတော့ ဘလော့တွေ
ကိုပြောင်းတုန်းက အတိုင်း url forwarding နားရောက်ရင် အဲဒီမှာ နဲနဲပြောင်း ပေးရတယ် လို့ သိ့ရပါတယ် .. ကိုယ်ပြောင်းမယ့် ဆိုက်ရယ်... ဆိုက်မှာဖော်ပြ မယ့်ခေါင်းစဉ် ရယ် လောက်ပဲ ပြောင်းပေး ရတယ်လို့ သိရပါတယ်... ကျွန်တော် ကိုယ်တိုင် မလုပ်ဖူးတော့ သေချာ မပြောရဲဘူးဗျ...အခုတောင် သူငယ်ချင်း တစ်ယောက်ကို မေးထားတာ ...ဘလော့တွေ
နဲ့ အချို့ ကျွန်တော်မသိသေးသော ဆိုက်တွေ ကတော့ ပြောင်းရတာ အဆင်ပြေပါတယ် .....ဒါမှမဟုတ် ကျွန်တော်မသိ သေးတဲ့ နည်းလမ်းတွေလည်း ရှိကောင်းရှိနိုင် ပါတယ်...နိုင်းဒေါ့ကွန်း ဆိုက်ကို ပြောင်းမယ်ဆိုရင်တော့ ဒီဒိုမိန်း တွေ ကိုတော့ပြောင်းလို့ရပါတယ် (.com / .net / .org ) ....ဒါပေမယ့် ပြောင်းမယ်ဆိုရင် ဒေါ်လာပေး ရပါတယ်..တစ်နှစ်စာ စီပေါ့ဗျာ...ဘလော့ကို (.com) ပြောင်းရင် တစ်နှစ်စာ အတွက် $10 ပေးရပါတယ်...နိုင်းဒေါ့ကွန်းကို (.com) ပြောင်း မယ်ဆိုရင်တော့ ကျွန်တော့် သူငယ်ချင်း တယောက်
ပြောင်းတာ $90 လောက်ပေးရတယ်လို့ သိရ ပါတယ်...အဲတာတွေက တစ်နှစ် စာအတွက် နော် နောက်ထပ် ထပ်တိုး ပြီး သုံးမယ်ဆိုရင် တစ်နှစ်မပြည့် ခင် ထပ်သွင်း ပေါ့ ဗျာ....ဒါက ကျွန်တော်သိ ရသလောက်ကို ပြောပြတာပါ ကျွန်တော့်ထက် ပိုပြီး နားလည်တဲ့ အကိုတွေ ညီတွေ သူငယ်ချင်းတွေ အများကြီး ရှိပါတယ် သူတို့ကို ကိုလည်း မေးမြန်း ကြည့်ပါ ပြီးရင် ကျွန်တော့်ကို လည်း ပြန်ပြော ပေးပါအုန်း ....၀က်ဆိုက် ကို ဒိုမိန်း ၀ယ်ပြီး ချိန်းချင်တယ် ဆိုရင် www.shwehosting.com မှာ ချိန်းလို့ ရပါတယ်...အင်္ဂလန်နိုင် ငံ မှာ အခြေဆိုက် တာပါ ...ပိုက်ဆံကို မြန်မာနိုင်ငံ မှာ ပေးလည်း ရတယ်..ကဒ်နဲ့ငွေ ချေလည်း ရတယ်...တော်တော် လေး အဆင်ပြေပါတယ်... နိုင်းဒေါ့ကွန်း တွေလည်း ချိန်းရတာ အဆင်ပြေပါတယ်...
အဆုံးထိ ဖတ်ပေးတာကို ကျေးဇူးတင်ပါတယ်....အားလုံး အဆင်ပြေ ကြပါစေ ....
http://www.freedomain.co.nr/

favicon လုပ်ချင်တယ်ဆိုရင် ဒီလင့်ကိုသွားလိုက်ပါ....
Comments (0)
Post a Comment