Twitter
RSS

matrix software

ကဲဒီနေ့တော့ ကွန်ပျူတာအလုပ်လုပ်နေတဲ့ အချိန်မှာပဲ အလုပ်တခုခု ဒါမှမဟုတ် ကိစ္စတစ်ခုခု ကြောင့်
အပြင်သွားမယ်ဆိုရင် ကွန်ပျူတာကိုမပိတ်ပဲ ဒီဆော့ဝဲလေးကိုသာ ဖွင့်ခဲ့ရင်အဆင်ပြေပါပြီ ဆော့်ဝဲလေးကို
password ပေးထားရုံပါပဲ ... ကိုယ့်ပြန်ဖွင့်မယ်ဆိုရင် ပါတ်ဝေါ့စ်ကို ရိုက်ထည့်ဖွင့်ရုံပါပဲ... အရင်ကျွန်တော်
တင်ပြခဲ့တုန်းက ကွန်ပျူတာကို ပါတ်စ်ဝေါ့ ခံပြီး ၀င်းဒိုးကီးနဲ့ L ကီး နဲ့တွဲနှိပ်တာက ပုံစံတစ်မျိုးပါ အဲဒီနည်းက
ကွန်ပျူတာကိုပါးစ်ဝေါ့ခံ၇ ပါတယ်... ဒီနည်းက ခံစ၇ာမလိုပဲ ဆော့ဝဲလေးကိုသာ ပါတ်စ်ဝေါ့ ထည့်ပေးရုံပါပဲ
ပါတ်စ်ဝေါ့ ခံမယ်ဆိုရင် ဆော့ဝဲ ကိုအင်စတောလုပ်ပြီးရင် task bar ပေါ်မှာ matrix ပုံအမည်းလေး ပေါ်နေ
ပါလိမ့်မယ် .. အဲတာကို right ကလစ်ထောက်ပြီး set password လေးကိုနှိပ်ပြီး ပါတ်စ်ဝေါ့ပေးရုံ ပါပဲ..
အပြင်သွားမယ်ဆိုရင် အဲတာလေးကိုသာ တစ်ချက်နှိပ်လိုက်ပါ....ဘယ်သူမှ ပါတ်စ်ဝေါ့မသိတော့ မိမိစက်ကို
ဘယ်သူမှ လာသုံးလို့ မရတော့ပါဘူး... မိမိအပြင်က ပြန်လာမှ ပါတ်စ်ဝေါ့လေးကို ရိုက်ထည့်ပြီး ထားခဲ့
အရင် အတိုင်းလေး ပြန်ပြီးဆက်အသုံးပြုနေရုံပါပဲ ... သီချင်းဖွင့်ထားခဲ့လဲရတယ်နော်....ချစ်သူနဲ့ပြောနေတဲ့
အချိန်မှာလဲ အဲတာဖွင့်ပြီး ပြောလို့ရတယ်...ဘယ်သူကမှ မိမိ စက်ကိုလာကလိပြီး နှောင့်ယှက်လို့ မ၇ဘူး.....ကိုယ်ဥာဏ်ရှိသလို ကွန့်ပြီးဆက်သုံးပေါ့ဗျာ...ဒီလောက်ဆိုနားလည်မှာပါ....အောက်မှာ ဆော့ဝဲ
လေးကိုဒေါင်းလိုက်ပါတော့...ကျေးဇူးတင်တယ်ဗျာ...


ဒေါင်းလုပ်

download

Comments (0)

Post a Comment