ကျွန်တော်လည်းအခုတလောဘာတင်ပေးရင်ကောင်းမလဲလို့စဉ်းစားနေတာ။စိတ်ကူးပေါက်တာ
ပဲတင်ပေးလိုက်တယ်.....ချက်တာကြီးတွေအတွက်တော့အသုံးဝင်တာပေါ့...ဘာပဲဖြစ်ဖြစ်ဗဟုသုတ
ပေါ့ဗျာ....ဂျီတော့နဲ့ပတ်သက်တဲ့ shortcut keys လေးတွေပါ..စိတ်ပါရင် ဆက်ဖတ်ပေါ့ဗျာ...
**CTRL + Mousewheel up/down: Chat Box အတွင်းရှိ Font size ကို ပြောင်းပေးသည်။
**ချက်ပြောနေရင်းနဲ့ Call ခေါ်ချင်ရင် F11 နှိပ်ပါ။Call ပြန်ပိတ်ဖို့ F12 ကို နှိပ်ပါ။
**ချက်ပြောတာကနေထွက်ဖို့ Esc ကို နှိပ်ပါ။ချက် window တွေကို minimize လုပ်ဖို့ Alt+Esc နှိပ်ပါ။
**ပြောနေတဲ့ Chat windows တွေကို တစ်လှည့်စီ ပြောင်းဖို့ TAB ကို သုံးပါ
**်f9 ကို နှိပ်ရင်အီးမေးလ်ဆီကိုရောက်ပါတယ်။g talk က notification area ထဲရောက်နေရင် windows key+Esc ဖြင့်ပြန်ခေါ်နိုင်ပါသည် ။
**Gtalk မှာ ရိုက်နိုင်တဲ့ စာလုံးအရေအတွက်ဟာ 32767 characters ထိ ကန့်သတ်ထားပါတယ်။စာလုံးတွေကို bold အနေနဲ့ ပေါ်ချင်ရင် * ခံပြီး ရိုက်ပါ။ ဥပမာ. *great* လို့ ရိုက်ရင် great လို့ ပေါ်ပါလိမ့်မယ်။
**Italic လုပ်ဖို့အတွက်တော့ _ နှစ်ခု ခံရိုက်ပါ။Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်နိုင်ပါတယ်။
**Gtalk မှာ ပေါ်တဲ့ နာမည်ကို ပြောင်းဖို့အတွက်ဆိုရင်တော့ Gmail Setting မှာ ၀င်ပြင်ရပါမယ်။
ကျေးဇူးတင်ပါတယ်အားရင်ထပ်လာခဲ့ကြပါအုံး............

Comments (0)
Post a Comment